A d v e r t i s e m e n t With Us

ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းနှင့်ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်၊ ၁၂ ဦးသေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဆယ်လ်ဗာဒိုး ပြည်နယ်မှာ ဘဏ်ဓားပြတိုက်ဖို့ ကြံစည်တဲ့ ဂိုဏ်းတဂိုဏ်းနဲ့ ရဲတပ်ဖွဲ့တို့ မနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပါတယ်။ ဘာရီးရပ်စ်လမ်းပေါ်က ဘဏ်ကိုလုဖို့ အမျိုးသား အယောက် ၃၀ ပါတဲ့ အုပ်စုက စီစဉ်နေကြာင်း ထောက်လှမ်းရေးက ဒေသခံ ရဲကို အကြောင်းကြားခဲ့အပြီး နေ့လယ်ပိုင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဘဏ်ဓားပြတိုက်မယ့်ဂိုဏ်း ပုန်းနေတယ်လို့ ယုံကြည်ရတဲ့ နေရာကို ရဲတွေ ချဉ်းကပ်လာနေချိန် အပစ်ခံရတဲ့အတွက် ရဲတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ အခင်းဖြစ်ရာမှာတင် ဂိုဏ်းသား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ ဒဏ်ရာရသူ ၃ ဦးကိုတော့ ရိုဘာတို စန်တို့စ်ဆေးရုံမှာ ခွဲစိတ်ကုသခံနေဆဲဖြစ်ပြီး ရဲ ၁ ဦး တခြားလူ ၁ ဦးလည်း အသေးစား ဒဏ်ရာရခဲ့ပါတယ်။ ပစ္စတိုသေနတ် ၁၅ လက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တရားမဝင် ဆေးတွေကို ရဲတွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒေသတွင်း ရဲအင်အားကို တိုးချဲ့ချထားပြီး ထောက်လှမ်းရေးတွေက ဘဏ်တွေကို အထူးအာရုံထားဖို့ ညွှန်ကြားနေပါတယ်။ ဓာတ်ပုံ - ရိုက်တာဗွီဒီယို [gallery ids="80464,80465,80466,80467"]

A d v e r t i s e m e n t With Us

More News
Up