နိုင်ငံတကာပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ် မြန်မာအမျိုးသမီးနှင့်ဗီယက်နမ် ဒီနေ့ယှဉ်ပြိုင်မည်





1.2K
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးပြိုင်ပွဲ ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့လယ်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဂျပန်အသင်းကို ၂ ပွဲ ပြတ်၊ ထိုင်းအသင်းကို ၂ ပွဲ ၁ ပွဲ နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။
မြန်မာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို အနိုင်ရရင် တဖက် ထိုင်းနဲ့ ကိုရီးယား ပွဲစဉ်က နိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာ အမျိုးသားအသင်းကတော့ ထိုင်းနဲ့ ကိုရီးယား ၂ သင်းလုံးကို ၂ ပွဲပြတ်စီ ရှုံးနိမ့်ခဲ့ပြီး ဒီနေ့ ကစားတဲ့ ဂျပန်နဲ့ပွဲမှာတော့ အနိုင်ရရှိခဲ့ပါတယ်။
အမျိုးသားအသင်းဟာ ဒီနေ့ည အင်ဒိုနီးရှားအသင်းနဲ့ ပဉ္စမနေရာအတွက် ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
မြန်မာအသင်းနှင့်ထိုင်းအသင်း ယှဉ်ပြိုင်ကစားစဉ်က
[gallery ids="80455,80456,80457,80458,80459,80460"]