A d v e r t i s e m e n t With Us

အိုင်အက်စ်ရုပ်သံပါ အမျိုးသမီး ဂျူးကုန်စုံဆိုင်စီးနင်းခဲ့သူ ဟုတ်မဟုတ် ပြင်သစ်ရဲစစ်ဆေး

အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ (အိုင်အက်စ်)ရဲ့ နောက်ဆုံး ဗွီဒီယိုထဲက အမျိုးသမီးဟာ ပဲရစ်အရှေ့ပိုင်းက ဂျူးကုန်စုံဆိုင်ကို စီးနင်းသူ အမျိုးသမီး ဟုတ်မဟုတ် ပြင်သစ်တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။ ဇန်န၀ါရီလက ပြင်သစ်နိုင်ငံ မဂ္ဂဇင်းတိုက်ကို သေနတ် သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ပုံနှိပ်တိုက်ကို စီးနင်းထားစဉ်မှာ ဂျူးဘာသာယုံကြည်သူတွေအတွက် ဖွင့်ထားတဲ့ အစားအသောက် ကုန်စုံဆိုင်ကို အာမဒီကော့လီဘာရီနဲ့ ဇနီး ဟာရပ် ဘော့မီဒိုင်းနီတိုက ၀င်ရောက် စီးနင်းခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၄ ဦး သေဆုံးခဲ့သလို အာမဒီကော့လီဘာရီက ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သလို ဘော့မီဒိုင်းနီက လွတ်မြောက်သွားခဲ့ပါတယ်။ ဒီနောက် ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်လွင့်ခဲ့တဲ့ အိုင်အက်စ်ရဲ့ ရုပ်သံမှာ အခုလို သံသယဖြစ်ဖွယ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲက မျက်နှာဖုံး စွပ်ထားပြီး လက်နက် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးဟာ ဘော့မီဒိုင်းနီ ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးနဲ့ နီးစပ်သူတဦးကို ကိုးကားပြီး စီအန်အန် သတင်းက ရေးပါတယ်။ ဘော့မီဒိုင်းနီဟာ လက်ရှိအချိန်မှာ ဆီးရီးယားမှာ ရှိနေတယ်လို့ မှတ်ယူနေပါတယ်။ ဒီရုပ်သံမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေက ဇန်န၀ါရီလက ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး မွတ်စလင်တွေအနေနဲ့ ပြင်သစ်မှာ ထပ်မံတိုက်ခိုက်မှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။ [gallery ids="80452,80448,80451,80450,80449"]

A d v e r t i s e m e n t With Us

More News
Up