A d v e r t i s e m e n t With Us

ဗီလာကိုနည်းပြပေးရန် မော်ရင်ဟိုထံ ၆ နှစ်အရွယ်ကလေးငယ် တောင်းဆို

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်း နည်းပြ မော်ရင်ဟိုကို အက်စ်တွန်ဗီလာ အသင်းကို နည်းပြလုပ်ပေးဖို့ ဗီလာပရိသတ် အသက် ၆ နှစ်အရွယ် ဂျူဒီ ဘရန်ဆန်က တောင်းဆိုလိုက်ပါတယ်။ ခရစ္စမတ်ကာလကတည်းက ဗီလာ အသင်းဟာ ဂိုးရရှိခြင်းမရှိသေးသလို တန်းဆင်းဇုန်ကို ဦးတည်နေတဲ့ အနေအထားကြောင့် သူက မော်ရင်ဟိုထံ စာရေး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် မော်ရင်ဟိုအနေနဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာကိုလည်း သူနဲ့ အတူ ခေါ်ဆောင်လာဖို့ တိုက်တွန်းထားပါတယ်။ mourinho“ခင်ဗျားဟာ ကျနော် အကြိုက်ဆုံး မန်နေဂျာဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး ကော်စတာကို ခေါ်ပြီး ဗီလာကို နည်းပြလုပ်ပေးပါလား၊ ကျနော်တို့ အကူအညီလိုနေလို့ပါ” လို့ ဂျူဒီရဲ့ စာမှာ ရေးသားထားပါတယ်။ ဂျူဒီအဖေက သူသားဟာ ဗီလာက တန်းဆင်းရမယ့် အနေအထားကို ကြည့်ရတာ စိတ်ကုန်လာတဲ့ အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကနေ့ညမှာတော့ ဗီလာ အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ၈ ပွဲ ကြာ ဂိုးမသွင်းနိုင်တဲ့ အခြေအနေကို အဆုံးသတ်ဖို့ မျှော်လင့်နေပါတယ်။ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီ၊ စပိန်မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် မော်ရင်ဟိုဟာ ဗီလာရဲ့ကွင်းမှာ တပွဲမှ အနိုင်ရရှိခဲ့ခြင်း မရှိသေးပါဘူး။ ၂၀၀၇၊ ၂၀၁၄ နှစ်တွေမှာ ချဲလ်ဆီးက ၂ ဂိုးဂိုးမရှိ၊ ၁ ဂိုး ဂိုးမရှိတွေနဲ့ ဗီလာကို ရှုံးနိမ့်ခဲ့သလို ကျန်တဲ့ပွဲတွေကတော့ သရေကျခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up