A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် စွန့်ပစ်အလောင်း ၆၀ မီးသင်္ဂြိုဟ်စက်ထဲ တွေ့ရှိ

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းမှာ ယောက်ျား၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အလောင်း ၆၀ ကို စွန့်ပစ် မီးသင်္ဂြိုဟ်စက်ထဲမှာ တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၆ ရက်နေ့က ပြောပါတယ်။ ပင်လယ်ကမ်းခြေအပန်းဖြေစခန်း အကာပါကိုအနားက ပျက်စီးယိုယွင်းနေတဲ့  မီးသင်္ဂြိုဟ်စက်ဟောင်းထဲက ရုပ်ကြွင်းတွေကို အဝတ်တွေနဲ့ပတ်ထားပြီး ထုံးလည်း ဖြူးထားတဲ့ အလောင်းအများအပြားက ပုပ်သိုးနေပြီလို့ နိုင်ငံတော် ရှေ့နေချုပ်က ပြောပါတယ်။ အလောင်းတချို့က လုံးလုံး မပုပ်သိုးအောင် ဆေးစီရင်ထားပြီး မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်ထားတဲ့ အနေအထားမှာ ရှိနေတယ်လို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။ အာဏာပိုင်တွေက လူတွေ ဘယ်တုန်း ဘယ်လိုသေတယ်ဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။ သက်ဆိုင်သူတွေက အလောင်းတွေကို မလေးမစား လုပ်မှုနဲ့ အပြစ်ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတယ်။ မီးသင်္ဂြိုဟ်စက်ပိုင်ရှင်ရဲ့ လိမ်လည်မှု ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်တွေက ရှာဖွေသွားမယ်လို့ ဂွါရဲရို ပြည်နယ် ရှေ့နေချုပ် Miguel Angel Godinez မီဂဲလ် အိန်ဂျယ် ဂိုဒီးနက်ဇ်က ပြောပါတယ်။ သင်တန်းသားဆရာ ၄၃ ယောက်ကို အကျင့်ပျက်ရဲတွေက ဖမ်းဆီးပြီး မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေက အစုလိုက် သတ်ခဲ့ပုံရတဲ့ အစ်ဂွါလာမြို့ကနေ မိုင် ၁၃၀ အကွာမှာ ဒီအလောင်းတွေကို  တွေ့ခဲ့တာပါ။ သမ္မတ အင်ဒရေ ပေနာနေတိုကတော့ ကျောင်းသားတွေ ပျောက်ဆုံးမှုကို ကိုင်တွယ်နေတဲ့ အစိုးရအတွက် အနက်ရှိုင်းဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ မက္ကဆီကိုနိုင်ငံတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အာရုံစိုက်နေတဲ့ သမ္မတရဲ့ အားထုတ်မှုတွေအပေါ် အစိုးရရဲ့ အကျင့်ပျက် ခြစား လာဘ်စားမှုတွေက အရိပ်မည်းကြီး ထိုးကျနေတယ်လို့လည်း အကဲခတ်တွေက သုံးသပ် နေကြပါတယ်။ ဓာတ်ပုံ - အေအက်ဖ်ပီ [gallery ids="80438,80439,80440"]

A d v e r t i s e m e n t With Us

More News
Up