Home
သတင်းတို
လေးပွင့်ဆိုင် ပြန်စရေး ပညာရေးဒုဝန်ကြီးနှင့် အန်အန်အီးအာ ဆွေးနွေး
DVB
·
February 7, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့အတွက် ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီအာ) က ဒေါက်တာသိန်းလွင်တို့ မနေ့က အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ 10380757_653657204762149_3322769116384184278_nအမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အခုလို ဆွေးနွေးခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ  ဆောလျင်စွာ ကျင်းပနိုင်ရေးနဲ့ အစည်းအဝေးကျင်းပမယ့် နေရာ နေ့ရက်တို့ သတ်မှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၉ ရက်နေ့ ထပ်မံဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ မနေ့က တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မင်းနဲ့ အန်အန်အီးအာက ဒေါက်တာသိန်းလွင်နဲ့ ဒေါ်သူသူမာတို့ တက်ရောက်ခဲ့ကြါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း ဆွေးနွေးဖို့ အစိုးရဘက်က ရက်ရွှေ့ဆိုင်းခဲ့တာပါ။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဧရာဝတီသတိစစ်ကြောင်းဟာ မနေ့က ညောင်တုန်းမြို့ ရောက်ရှိခဲ့ကြပါတယ်။ [gallery ids="80427,80428,80429,80430,80431,80432,80433"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024