ကံဆီးရွာ စစ်ပြေဒုက္ခသည်များကို လုံခြုံသည့်နေရာ ရွှေ့ပေးရန် ကုလတောင်းဆို
DVB
·
February 6, 2015

ကချင်ပြည်နယ်တွင်း ဖြစ်ပွာနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခွင့်ရဖို့ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကို ကုလသမဂ္ဂက တောင်းဆို လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခက်အခဲ ကြံတွေ့နေရတဲ့ ဒေသခံတွေအတွက် အထူးသဖြင့် အောင်ဘာလေရွာနဲ့ အဲဒီပတ်ဝန်းကျင်က နေရပ်စွန့်ခွာတိမ်းရှောင်လာ ရပြီး ကံဆီးရွာကို ရောက်နေတဲ့ လူဦးရေ ၁ ထောင်ကျော်နဲ့ ဒေသခံ ဦးရေ ၁၀၀၀ ကျော်တို့ အတွက် များစွာ စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာတိမ်းရှောင်သူနဲ့ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရတဲ့ ဒေသခံတွေကို ပိုပြီးလုံခြုံစိတ်ချရတဲ့နေရာတွေကို ရွေ့ပြောင်းခွင့်ပေးဖို့နဲ့ သူတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိနိုင်စေရေး အတွက်လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သား တွေကို အကာအကွယ်ပေးကြဖို့နဲ့ သူတို့ကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။