A d v e r t i s e m e n t With Us

ကနေဒါနိုင်ငံသားကို သူလျှိုမှုဖြင့် တရုတ်ဖမ်းဆီး

ကနေဒါနိုင်ငံသားတဦးကို သူလျှိုမှုနဲ့ တရုတ်နိုင်ငံက ဖမ်းဆီးထားတယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကြေညာပါတယ်။ [caption id="attachment_80371" align="aligncenter" width="620"]ကေဗင်ဂါရတ်နှင့်ဇနီးဖြစ်သူ ကေဗင်ဂါရတ်နှင့်ဇနီးဖြစ်သူ[/caption] မြောက်ကိုရီးယားနဲ့ နီးတဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဒန်ဒေါင်(Dandong) မြို့မှာ ကော်ဖီဆိုင် ဖွင့်ထားတဲ့ ကေဗင်ဂါရတ်တို့ ဇနီးမောင်နှံနှစ်ဦးကို စစ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူမှုနဲ့ တရုတ်အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၆ လ က ဖမ်းဆီးခံခဲ့ရတာပါ။ _76743214_457498771ဇနီးဖြစ်သူ ဂျူလီယာဂါရတ်ကို မကြာခင်က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကေဗင်ဂါရတ် ဆက်လက်ဖမ်းဆီးခံနေရတဲ့အတွက် စိုးရိမ်တယ်လို့ ကနေဒါနိုင်ငံက ပြောဆိုပါတယ်။ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်သမ္မတနဲ့ ဆွေးနွေးမယ်လို့လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။ ဂါရတ်တို့ ဇနီးမောင်နှံ ၂ ဦးဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ နှစ်အတန်ကြာ စာသင်ကြားပေးခဲ့ပြီး ဒန်ဒေါင်မြို့ကို ကော်ဖီဆိုင်ဖွင့်ဖို့ ပြောင်းရွှေ့ခဲ့ကြတာပါ။ နယ်စပ်မြို့ ဖြစ်တဲ့ ဒန်ဒေါင်မြို့ဟာ မြောက်ကိုရီးယားနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ပထမဆုံးရောက်ရှိတဲ့ မြို့ ဖြစ်ပြီး သူတို့ကို လူမှုရေးနဲ့ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေ ပေးနေတဲ့မြို့လည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up