A d v e r t i s e m e n t With Us

ထားဝယ်နှင့်မော်လမြိုင် ကျောင်းသားများ ပူးပေါင်းပြီး ရန်ကုန်ချီတက်မည် (ဓာတ်ပုံ)

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြနေတဲ့ ထားဝယ်သပိတ်မှောက်စစ်ကြောင်းဟာ မော်လမြိုင်ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ရန်ကုန်ကို ချီတက်ကြမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ထားဝယ် တကသ၊ အကသ ကျောင်းသူကျောင်းသား အင်အား ၅၀ ကျော်လောက်ပါဝင်တဲ့ ဒီမိုကရေစီပညာရေး ထားဝယ်သပိတ်စစ်ကြောင်းဟာ ဒီနေ့ ထားဝယ်မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ရှေ့မှာ ဟောပြောခဲ့ကြပါတယ်။ ထားဝယ်ခရိုင် သပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ထားဝယ်မြို့တွင်း လှည့်လည်ဆန္ဒပြမှာဖြစ်ပြီး ၈ ရက်နေ့ကျရင် ကားနဲ့မော်လမြိုင်ကို သွားမယ်လို့ ဆိုပါတယ်။ မော်လမြိုင်က ကျောင်းသားသမဂ္ဂ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ထိ ဆက်လက်ချီတက်ကြမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ထားဝယ်သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့ကတည်းက စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်စဉ်က ရပ်နားခဲ့ပြီး အခုပြန်လည် သပိတ်မှောက်နေကြတာပါ။ သတင်းဓာတ်ပုံ - ဝေဖြိုး [gallery ids="80365,80366,80367,80368"]

A d v e r t i s e m e n t With Us

More News
Up