A d v e r t i s e m e n t With Us

နိုင်ငံခြားအကူငွေ ကန်ဒေါ်လာ ၃ ဘီလီယံခန့် မြန်မာရရှိ

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြီးခဲ့၎နှစ်တာကာလအတွင်း နိုင်ငံတကာက မြန်မာကို ပေးအပ်တဲ့ အကူငွေ ပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိရာမှာ ဒေါ်လာ ၁ဒသမ၅ ဘီလီယံ ရရှိထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ A bank employee counts U.S. dollar notes during a photo opportunity at a bank in Seoulဖေဖော်ဝါရီ ၅ ရက် နေပြည်တော် သမ္မတအိမ် အစည်းအဝေးခန်းမမှာကျင်းပတဲ့ နိုင်ငံခြားအကူ အညီအထောက်အပံ့စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဒေါက်တာ ကံဇော်ကပြောသွားတာပါ။ ဒေါက်တာကံဇော်က ၂၀၁၁ ဧပြီမှ ၂၀၁၄ ဒီဇင်ဘာအထိ နိုင်ငံနဲ့အဖွဲ့အစည်းတွေက ပေးတဲ့ အကူအညီ စီမံချက်၅၆၂ခုအတွက် ကန်ဒေါ်လာသန်းပေါင်း ၂၉၅၄ ဒသမ ၄၂၁ ရှိရာမှာ သန်းပေါင်း ၁၄၇၁ ဒသမ ၃၂၇ က ရရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဖွံ့ဖြိုးရေးအကူညီရရှိတဲ့ ကဏ္ဍတွေကတော့ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ စာရင်းအင်း၊ ငွေကြေး၊ မွေးမြူရေး၊စွမ်းအင်၊ မြေရရှိရေး၊  အားကစားနဲ့ သဘောဝဘေး အန္တရာယ်ကိစ္စွတွေလို့ ဆိုပါတယ်။ ဒါ့ပြင် လက်ရှိအစိုးရလက်ထက် ချေးငွေပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၃၈၅၂ ဒသမ ၉၂၈ ရှိပြီး သန်း ၁၅၀ ဒသမ ၇၃၄ ရထားပြီးဖြစ်တယ်လို့လည်း ဒေါက်တာကံဇော်က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ နိုင်ငံခြားအကူအညီအထောက်အပံတွေ တိုးတက်ရရှိ လာခဲ့ပေမယ့် နိုင်ငံရဲ့ကဏ္ဍအသီးသီး လိုအပ်ချက်အတိုင်းအတာနဲ့ နှိုင်းစာရင်လို အပ်ချက်တွေအများအပြား ရှိနေဆဲဖြစ်တယ်၊ ရရှိတဲ့ ဖွံ့ဖြိုးမှုအကူအညီတွေကို ထိရောက်စွာ အသုံးပြုဖို့ အထူး အလေးထားဆောင်ရွက်ဖို့လိုတယ်လို့ အစည်းအဝေးမှာပြောသွားပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန် ၊ဗြိတိန် စတဲ့အနောက်နိုင်ငံတွေနဲ့  သြစတေး လျ၊၊ ဂျပန် နိုင်ငံတွေက အဓိက ငွေကြေးထောက်ပံ့ကူညီပေးနေတာဖြစ်ပြီး အီးယူ ဥရောပသမဂကတော့  ယူရိုငွေ သန်း ၂၅၀ နှစ်စဉ် ကူညီပေးမယ်လို့ ကတိပြု ထားတာပါ။ မြန်မာကိုကူညီနေတဲ့ မိတ်ဖက်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ရည်ရွယ်တဲ့ တတိယအကြိမ်မြောက်  မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်တွေ နေပြည်တော်မှာ ကျင်းပဖို့ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up