လေယာဉ်အသေးတစီး NBC ရုပ်သံလွှင်မျှော်စင်ကို တိုက်မိ

715
အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ညက လေယာဉ်အသေးတစီးဟာ ဒေသတွင်း NBC ရုပ်သံ အဖွဲ့ရဲ့ ရုပ်သံလွှင့်မျှော်စင်ကို တိုက်မိလို့ ပျက်ကျခဲ့ပါတယ်။
စက်တလုံးတပ် Piper PA-46 လေယာဉ်ပျက်ကျလို့ လေယာဉ်ပေါ်က လူ ၁ ဦး သေဆုံးတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ရုပ်သံလွှင့် မျှော်စင်က ထက်ပိုင်းကျိုး ကျခဲ့ပေမယ့် ရုပ်သံလွှင့်ဌာနနဲ့ ဝေးရာဘက်ကို ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။