Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်းသာ သပိတ်မှောက်ရန် ၀န်ကြီး ၂ ဦး ကျောင်းသားများကို ညှိနှိုင်း
DVB
·
February 6, 2015
ဧရာဝတီသပိတ်စစ်ကြောင်း ရန်ကုန်ကို မချီတက်ဘဲ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာသာ သပိတ်မှောက်ဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့က သပိတ်စစ်ကြောင်း ညအိပ်တည်းခိုရာနေရာကို မနေ့ညက လာရောက်ဆွေးနွေးခဲ့ပါတယ်။ သပိတ်စစ်ကြောင်း ညအိပ်တည်းခိုရာ ပန်းတနော်မြို့ ညောင်ပင်သာ ဘုန်းကြီးကျောင်းမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုအပါအ၀င် ၀န်ကြီး ၂ ဦး၊ ဆရာဆရာမတွေနဲ့ မိဘတချို့ လာရောက်ညှိနှိုင်းခဲ့ကြတာပါ။ [caption id="attachment_80350" align="aligncenter" width="717"]၀န်ကြီး ဦးဝင်းကိုကို ကျောင်းသားများကို ညှိနှိုင်းဆွေးနွေးစဉ် ၀န်ကြီး ဦးဝင်းကိုကို ကျောင်းသားများကို ညှိနှိုင်းဆွေးနွေးစဉ်[/caption] ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက “ကျနော်တို့က တခုခုဖြစ်မှာကို စိုးရိမ်တယ်။ ကျနော်တို့က အထွေထွေသပိတ်ကိုလည်း တားဆီးခြင်း မပြုဘူး။ စစ်ကြောင်းကို တတ်နိုင်သလောက် အဆင်ပြေအောင် ကျနော်တို့ နောက်ကွယ်ကနေ ကူညီပေးမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်တိုင်းထဲမှာပဲ လုပ်ပါ။ ဦးတို့က ဒီလိုဆန္ဒရှိတယ်ဆိုတာ လာပြောတာပါ။” သပိတ်စစ်ကြောင်း ဦးဆောင်သူတွေကတော့ မူလရည်မှန်းချက်အတိုင်း ရန်ကုန်ထိ ချီတက်မယ်လို့ ပြောပါတယ်။ တချိန်တည်းမှာ သပိတ်စစ်ကြောင်းမှာပါဝင်နေတဲ့ ၁၀ တန်းကျောင်းသူ မချောစုစံကို သူ့ဆရာမတွေကိုယ်တိုင် ကျောင်းပြန်တက်ဖို့ လာရောက်ခေါ်ဆောင်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းနဲ့အတူ ဆက်လက်ချီတက်ပြီး စာမေးပွဲ ပြန်လာဖြေမယ့်အကြာင်း  ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်ခေါ်ချိန်မပြည့်လည်း ထူးခြားဖြစ်စဉ်အရ  စာမေးပွဲဖြေခွင့်ပေးမယ့် အကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်က ပြောကြားထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက  ပြောပါတယ်။ “ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် မဖြေရဘူးဆိုတာ ကျော်လွှားပေးပါဆိုပြီး ကျနော်တို့က ပြည်ထောင်စုအစိုးရကို တင်ပြတောင်းခံခဲ့တယ်။ ဒီနေ့တော့ အဲဒီခွင့်ပြုချက် ရပြီ။ သပိတ်စစ်ကြောင်းကို သမီးစိတ်ဆန္ဒရှိရင်လည်း ဆက်လိုက်သွားလို့ရတယ်။ ဒါပေမယ့် စာမေးပွဲဖြေချိန်မှာတော့ ဖြေဖို့၊ သမီးကိုတော့ ထူးခြားဖြစ်စဉ်အနေနဲ့ စာမေးပွဲဖြေခွင့်ပြုတယ်။” ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစတင်ပြီး ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး လမ်းအတိုင်း ရန်ကုန်အထိ လမ်းလျှောက်ချီတက်နေကြတာပါ။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီမှာ ပန်းတနော်မြို့ကို ရောက်ရှိပြီး မြို့သူမြို့သား ၁ သောင်းကျော်လောက်  မြို့အ၀င်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024