A d v e r t i s e m e n t With Us

ယူကရိန်းတွင် တိုက်ပွဲအရှိန်ပြန်မြင့်၊ နေတိုးတပ်အင်အား ထပ်တိုးမည်

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ အရှိန်ပြန်မြင့်လာပြီးနောက်ပိုင်း ဥရောပအရှေ့ပိုင်းက နေတိုးမဟာမိတ်နိုင်ငံတွေမှာ နေတိုးတပ်အင်အားတွေ ထပ်တိုးသွားဖို့ ရှိနေပါတယ်။ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က “ရုရှားရဲ့ ရန်လိုမှုကြောင့် ဥရောပလုံခြုံရေး အခြေအနေက ပြောင်းလဲနေပြီး အဲဒါနဲ့အညီ နေတိုးတပ်ဖွဲ့မှာလည်း အခြေခံ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်” လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆယ်လ်မြို့မှာ ပြောပါတယ်။ ဒါဟာ စစ်အေးခေတ်အပြီး အကြီးဆုံးတပ်အင်အားဖြည့်တင်းမှုဖြစ်မယ်လို့လည်း သူက ပြောဆိုပါတယ်။ [caption id="attachment_80344" align="aligncenter" width="562"]နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg[/caption] အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း ယူကရိန်းနိုင်ငံကို ရောက်ရှိနေပြီး တဖက်မှာလည်း ယူကရိန်းနိုင်ငံကို စစ်လက်နက်ထောက်ပံ့ဖို့ အမေရိကန်က စဉ်းစားနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ လောလောဆယ်အချိန်အထိတော့ အမေရိကန်နိုင်ငံက စစ်လက်နက်မဟုတ်တဲ့ ထောက်ပံ့ကူညီမှုတွေပဲ ပေးထားတာပါ။ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဟာမိတ်နိုင်ငံတွေမှာ နေတိုးဗျူဟာစခန်းတွေ ထားရှိမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ရုရှားက ယူကရိန်းသူပုန်တွေကို စစ်လက်နက်ထောက်ပံ့နေတဲ့အပြင် ရုရှားတပ်ဖွဲ့တွေကိုပါ ယူကရိန်းနိုင်ငံထဲ စေလွှတ်ထားတယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပြီး ရုရှားဘက်ကတော့ ငြင်းဆို ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အမေရိကန်လွှတ်တော်အမတ်တွေ ယူကရိန်းကို စစ်ရေးအကူအညီတွေ အမြန်ဆုံးပေးပို့ဖို့ အမေရိကန်သမ္မတကို တောင်းဆိုခဲ့ကြပါတယ်။ ယူကရိန်းပြည်တွင်းစစ်ဟာ ပြီးခဲ့တဲ့နှစ်က ယူကရိန်းပိုင် ကရိုင်းမီးယားကို သိမ်းပိုက်ခဲ့အပြီး ဧပြီလမှ စတင်ခဲ့တာပါ။ စစ်အတွင်း နှစ်ဖက် အရပ်သားနဲ့ စစ်သားသေဆုံးသူ ၅၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up