A d v e r t i s e m e n t With Us

တက္ကသိုလ်နှင့်အခြေခံပညာစာမေးပွဲများ မပျက်မကွက် စစ်ဆေးမည်

ကျောင်းသားဆန္ဒပြပွဲတွေရှိနေပေမယ့် တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေမှာ ကျင်းပမယ့် စာမေးပွဲတွေကို အချိန်စာရင်းထုတ်ပြန်ကြေညာထားတဲ့အတိုင်း မပျက်မကွက်စစ်ဆေးသွားမယ်လို့  ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 1978665_841045872600581_5904726504911946291_nအမျိုးသားပညာရေးဥပဒေကိုဆန္ဒပြမှုတွေရှိနေတဲ့အတွက် ပြည်သူတွေက ကျောင်းသားတွေရဲ့ စာမေးပွဲတွေအတွက် စိုးရိမ်နေတဲ့အကြောင်း၊ မိဘပြည်သူတွေအနေနဲ့ ရင်သွေး ကျောင်းသူကျောင်းသားတွေ အေးချမ်းစွာ ပညာသင်ကြားရေးနဲ့ စာမေးပွဲချောမောစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ညှိနှိုင်းပြင်ဆင်ပေးပို့ရန် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဖေဖော်ဝါရီ ၅ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ပညာဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဆွေးနွေးပွဲ  အထမမြောက်ပဲ ရွှေ့ဆိုင်းလိုက်ရပြီးနောက် ဆန္ဒပြကျောင်းသား သပိတ်စစ်ကြောင်းတွေ ရန်ကုန်ကို ဦးတည်ချီတက် နေချိန်မှာ ခုကြေညာချက် ထွက်ပေါ်လာတာပါ။ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့  အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီး ဥပဒေနဲ့ မညီတဲ့ဆန္ဒပြမှုတွေလုပ်နေတဲ့အကြောင်း၊ ဆူပူမှုတွေဖြစ်ပေါ်စေဖို့ ကျောင်းသား လူငယ်တွေကိုအသုံးချပြီး ကျောင်းသားအမည်ခံ နောက်ကွယ်ကနေ ကြိုးကိုင်ဆောင်ရွက်နေ သူတွေနဲ့ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up