အာဖရိကဖလား ဗိုလ်လုပွဲ အိုင်ဗရီကို့စ်နှင့် ဂါနာအသင်းတို့ ယှဉ်ပြိုင်မည်
အိုင်ဗရီကို့စ်အသင်းဟာ ကွန်ဂိုဒီမိုကရက်တစ် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး၂၀၁၅ အာဖရိကဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပရီးမီးယားလိဂ် မှာ ကစားခဲ့တဲ့ တိုရေးနှင့် ဂါဗင်ဟိုတို့က ဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးက ခေါ်ထားတဲ့ ဘိုနီက ဂိုးရရေးအတွက် ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
တဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂါနာအသင်းက အိမ်ရှင် အီကွေတိုးရီးယဲယ်ဂီနီ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။
ပြင်သစ်လိဂ်မှာ ကစားနေတဲ့ ဂျော်ဒန်အာရူးနဲ့ အန်ဒရေးအာရူး တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာပါ။
ဒါကြောင့် ၂၀၁၅ အာဖရိက ဖလား ဗိုလ်လုပွဲကို အင်အားကြီးနှစ်သင်းဖြစ်တဲ့ အိုင်ဗရိကို့စ်နဲ့ ဂါနာတို့ ယှဉ်ပြိုင်ကြရမှာပါ။
နှစ်သင်းစလုံးမှာ ဥရောပထွက်ကစားနေတဲ့ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကစားမယ့် ဗိုလ်လုပွဲဟာ အကြိတ်အနယ် ဖြစ်လာမှာပါ။
ဓာတ်ပုံ - CAF
[gallery ids="80300,80301,80302,80303,80304,80305"]