Home
မေးမြန်းခန်း
ပိတ်မိစစ်ဘေးရှောင်တွေကို ကူညီအားပေးဖို့ လာကြတာပါ - ဦးပြုံးချို
အေးနိုင်
·
February 6, 2015
10959646_612847042179394_6551277363423029586_n
10955556_612846255512806_2926353202224769708_n
10945560_612847282179370_4333198817790165759_n
10931095_612846408846124_3551728475441355408_n
10446650_612845362179562_2427853386406725071_n
10409688_612847342179364_5753445923965357204_n
10360260_612846792179419_6286929357699875254_n
10313521_612846588846106_4081134562276265494_n
1601220_612845582179540_7302382665571714026_n
1509785_612845938846171_3283947937730607478_n
1509025_612845768846188_8251016152074759037_n
1462954_612846012179497_7383003792088635476_n
16826_612844345512997_3395442067631614641_n
တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကန်စီးရွာရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေကို မြစ်ကြီးနားဒေသခံတွေနဲ့ နိုင်ငံတ၀န်းက လှူဒါန်းတဲ့ ဆေးဝါးနဲ့ အစားအသောက်ပစ္စည်းတွေကို ကူညီပေးဖို့ ဦးမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ဖားကန့်မြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညဦးပိုင်းမှာ ရောက်ရှိပါတယ်။ ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးပြုံးချိုတို့အပါအ၀င် ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရင်း ပိတ်မိနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွေ့ဆုံပြီး ကူညီကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးပြုံးချိုကို ဆက်သွယ်မေးမြန်းထားပါတယ်။ မြစ်ကြီးနားကနေ ဖားကန့်ကို ရောက်ရှိနေကြတယ်ဆိုတော့ ဒီ ခရီးစဉ်ကို ပြောပြပါ။ “ကျနော်တို့က ဖားကန့်နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ကံဆီးမှာ ရှိနေတဲ့ စစ်ဘေးရှောင်တဲ့ ဒေသခံတွေကို အကူအညီအထောက်အပံ့တွေ လာပေးတာပါ။ ဒီနေ့မှ ဖားကန့်မြိုထဲကို ရောက်တယ်ဆိုတော့ မနက်ဖြန်မှ camp (စခန်း) ထဲကိုရောက်မယ်။” လှူဒါန်းဖြန့်ဝေဖို့အတွက် ဘာပစ္စည်းတွေပါလာသလဲ။ အကြမ်းဖျင်းပြောပြပါလား။ “ကျနော်တို့ တပါတည်းယူလာတာဆိုလို့ရှိရင် ဆန်အိတ် ၁၀၀၀)၊ နောက်ဆီပုံးပါတယ်၊ ဆားပါမယ်၊ ခေါက်ဆွဲခြောက်၊ ကြာဇံ၊ ကုလားပဲအိတ်တွေ ကုန်ကား ၅ စီးနဲ့ သယ်လာခဲ့တယ်။” ဦးပြုံးချိုတို့ရဲ့ ခရီးစဉ် ဦးတည်ချက်က ဘာပါလဲခင်ဗျ။ “အဓိကဦးတည်ချက်က စစ်ဘေးရှောင်ပြီးတော့ ပိတ်မိနေတဲ့ ဒေသခံတွေအတွက် ကျနော်တို့ စားနပ်ရိက္ခာတွေ၊ တတ်နိုင်သလောက် စုဆောင်းပြီးတော့ သွားပို့တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင်တဲ့သူတွေရော၊ ဒေသခံတွေရောက အဲဒီမှာ အယောက် (သုံးထောင်) လောက်ကို သွားပြီး ပိတ်မိနေတဲ့သဘောရှိတယ်။ အဲဒါကြောင့်မို့လို့ တတ်နိုင်သလောက် သူတို့ကို ကိုယ်ထိလက်ရောက် ကျနော်တို့ အထောက်အပံ့ပစ္စည်းတွေ ပေးနိုင်မယ်။ နောက်ပြီးတော့ အားပေးစကားတွေ ပြောနိုင်မယ်။ နောက်ပြီးတော့ သူတို့ရဲ့ ဖြတ်သန်းနေရတဲ့ အခြေအနေအမှန်တွေ ကျနော်တို့ သိနိုင်မယ်။ အဲဒါကြောင့် ဒီခရီးကို ကျနော်တို့ မရောက်ရောက်အောင်လာခဲ့ခြင်းဖြစ်ပါတယ်။” ဒီအလှူပစ္စည်းတွေက နိုင်ငံတ၀န်းကလှူကြတာလား။ ဘယ်ကလှူကြတာလဲခင်ဗျ။ “ဒီမှာ စစ်ဘေးဒဏ်ခံနေရတဲ့သူတွေအတွက်ရော၊ တခြား အကူအညီအထောက်အပံ့အနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို လှူဒါန်းတာတွေရှိပါတယ်။ ပြည်သူလူထုဆီက လှူဒါန်းတဲ့ပစ္စည်းတွေကို ကျနော်တို့က တဆင့်သယ်သွားပြီးတော့ ဒီမှာလည်း တခြားငွေသားအရ ၀င်လှူတဲ့ လူတွေလည်းရှိတယ်။ အဲဒါတွေကို ကျနော်တို့ စုဆောင်းပြီးတော့ သွားပေးခြင်းဖြစ်ပါတယ်။” ဒီခရီးစဉ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပုဂ္ဂိုလ်တွေကရော၊ အသွားအလာ လမ်းခရီးနဲ့ပတ်သက်လို့ ဘယ်လိုရှိပါသလဲ။ “ကျနော်တို့ကတော့ သက်ဆိုင်ရာ သတင်းပို့သင့်ပို့ထိုက်တဲ့သူတွေ၊ အဖွဲ့အစည်းတွေအသီးသီးကို အားလုံးပို့ထားပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေဆီကိုလည်း ပို့ထားသလို တဖက်က တပ်မတော်ဘက်က ဆိုင်ရာ ပြောသင့်ပြောထိုက်တဲ့ အဖွဲ့အစည်းတွေဆီကိုလည်း ပြောထားပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တရားဝင် အကြောင်းကြားစာတွေနဲ့ ကျနော်တို့ ထောက်ပံ့မယ့်ပစ္စည်းစာရင်းတွေ အတိအကျကအစ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး အစရှိသဖြင့် ကျနော်တို့ အကြောင်းကြားစာတွေလည်း ပို့ထားပြီးသားပါ။” စစ်ရှောင်ဒုက္ခသည်အသစ်တွေနဲ့ မနက်ဖြန်တွေ့ရမှာပေါ့။ ဒီခရီးစဉ်ပေါ်ပေါက်လာဖို့အတွက် ၈၈ မျိုးဆက်က တွက်ချက်ပုံနဲ့ ဘယ်လိုစိတ်တွေက စေ့ဆော်ခဲ့သလဲ။ “ကျနော်တို့ ဒီမတိုင်ခင်ကလည်း စစ်ဘေးကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကို ရောက်အောင် ကျနော်တို့တတ်နိုင်သလောက် သွားနိုင်တဲ့အချိန် အခြေအနေပေးရင်ပေးသလို ရောက်ခဲ့တာတွေရှိပါတယ်။ နောက် တဖက်ကလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဖော်ဆောင်မှုတွေကို ကျနော်တို့ မျှော်လင့်တယ်။ လောလောဆယ်ကာလမှာ အခက်အခဲ၊ အတားအဆီးတွေ၊ ကြန့်ကြာနေတာတွေ ဖြစ်နေတဲ့အချိန်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ပေါ်လာတဲ့အတွက် အာရုံစိုက်ပြီးတော့ တတ်နိုင်သလောက်ကူညီနိုင်အောင် ကျနော်တို့ ကြိုးစားခြင်းဖြစ်ပါတယ်။” ဓာတ်ပုံ - The 88 Generation Peace and Open Society [gallery ids="80284,80285,80286,80287,80288,80289,80290,80291,80292,80293,80294,80295,80296"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024