မြန်မာပြည်တွင် လျှပ်စစ်မီးမရသည့် ကျေးရွာပေါင်း ၄ သောင်းခန့်ရှိ

722
မြန်မာတနိုင်ငံလုံးမှာ လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာပေါင်း လေးသောင်းနီးပါးရှိနေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-ဝန်ကြီး ဦးအောင်သန်းဦးက ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ဂန့်ဂေါမြို့နယ်တွင်း ကျေးလက်မီးလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေမှု အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ ပြောသွားတာပါ။
ဒု-ဝန်ကြီး ဦးအောင်သန်းဦးက နိုင်ငံအတွင်း ကျေးရွာပေါင်း ၆၄၉၀၀ ကျော်ရှိပြီး ဒီနေ့ထိ ဓာတ်အားမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၉၉၀၀ ရွာလောက် ရှိနေကြောင်း ကျေးရွာအားလုံးကို နှစ်အနည်းငယ်အတွင်း မီးလင်းဖို့ ဆောင်ရွက်ပါက သုံးစွဲရမယ့် ရန်ပုံငွေပမာဏ များစွာလိုအပ်မယ်လို့ ပြောသွားပါတယ်။
ဒါ့ပြင် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံဒေသတွေအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိဖို့ ရည်ရွယ်ထားပြီး ကမ္ဘာ့ဘဏ်အကူအညီနဲ့ မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံ ချက်ကို ရေးဆွဲနေတယ်လို့လည်းပြောကြားသွားပါတယ်။