A d v e r t i s e m e n t With Us

ရန်ကုန်ဘတ်စ်ကား တိုးစီးခဲ့သည့် ဗြိတိသျှသံအမတ်ကြီး (ဓာတ်ပုံ)

ရန်ကုန်မြို့နေလူထု နေ့စဉ် ဘက်စ်ကားနဲ့ အလုပ် သွားလာတာကို ကိုယ်တိုင် အတွေ့အကြုံယူဖို့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ပတ်ထရစ်ဟာ မြောက်ဥက္ကလာပကနေ ဆူးလေမှတ်တိုင်အထိ ဘက်စ်ကား စီးခဲ့တယ်လို့ ဗြိတိန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ "ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း အများစုက ရုံးနဲ့ ဝေးတဲ့နေရာကနေ လာကြရတယ်။ ဒါကြောင့် ကျန်နော်လည်း သူတို့ ရုံးကို နေ့တိုင်း ဘယ်လို လာသလဲလို့ သိချင်မိတယ်။ ဘက်စ်ကားတွေက တော်တော် ဟောင်းတာ သတိထားမိတယ်။ ဒါတွေ မကြာခင် ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသွားတွေနဲ့ စကားပြောရတာ သိပ်ကောင်းပါတယ်။ ဒေသခံတွေ အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို သူတို့ ဘယ်လိုမြင်တယ် ဆိုတာ သိရတာ အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်" လို့ ဗြိတိန်သံအမတ်ကြီးက ပြောကြားထားပါတယ်။ ဓာတ်ပုံ -Foreign Office news on Burma [gallery ids="80240,80239,80238,80237,80236,80235"]  

A d v e r t i s e m e n t With Us

More News
Up