၁၀ နှစ်ကျော် တိမ်းရှောင်နေသည့် အမျိုးသမီးကို တရုတ်နိုင်ငံ ပြန်ပို့

1K
လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်နိုင်ငံမှာ ငွေလိမ်လည်ပြီး အီတလီနိုင်ငံ ထွက်ပြေး တိမ်းရှောင်နေထိုင်ခဲ့တဲ့ တရုတ်အမျိုးသမီးတဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ရဲအစောင့်အကြပ်နဲ့ တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပါတယ်။
၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း နိုင်ငံအရှေ့ပိုင်း ဟူဘေးပြည်နယ်က ကုမ္ပဏီတခုမှာ အမေရိကန်ဒေါ်လာ ၂၂၅၀၀ နဲ့ ညီမျှတဲ့ ယွမ်ငွေ ၁.၄ သန်း လိမ်လည်ခဲ့ပြီး အီတလီနိုင်ငံမှာ တိမ်းရှောင်နေခဲ့တာလို့ ဆိုပါတယ်။
တရုတ်ထိပ်တန်းခေါင်းဆောင်တွေအပါအ၀င် အဂတိလိုက်စားပြီး ပြည်ပ တိမ်းရှောင် ထွက်ပြေးနေသူ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြန်ပို့ရေးစီမံချက် ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
အခုပြန်ပို့ခံရသူ အမျိုးသမီးကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အီတလီရဲတွေက ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်နိုင်ငံကို ပြန်ပို့ဖို့ နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့တာပါ။
အခုလို လိမ်လည်မှုနဲ့ တရုတ်နိုင်ငံသားတဦးကို ဥရောပနိုင်ငံတနိုင်ငံကနေ ဖမ်းဆီး ပြန်ပို့တာဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က သမ္မတ ရှီကျင့်ပင်း တက်လာပြီးနောက် အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေပြီး ကွန်မြူနစ်ပါတီက တရုတ်ထိပ်တန်း ခေါင်းဆောင်တွေအပါအ၀င်၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ဖမ်းဆီး အရေးယူခံနေရတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="80218,80219,80220"]