A d v e r t i s e m e n t With Us

ရှုံးပွဲ ၁၁ ပွဲဖြင့် ဇယားအောက်ဆုံးရောက် ဒေါ့မွန်

ဖေဖော်ဝါရီ ၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒါလီဂါဖလား ဒေါ့မွန်နဲ့ အော့စ်ဘတ် တို့ပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်သွားခဲ့ပါတယ်။ ဒေါ့မန်ဟာ ဒီနှစ် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ရှုံးပွဲ ၁၁ ထိ ကြုံတွေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၂ ရာသီတွေမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဒုတိယနေရာ ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရလဒ်တွေ ဆိုးဝါးနေပြီး ဇယားအောက်ဆုံးမှာ ရောက်နေခဲ့ပါတယ်။ အခု ပွဲစဉ်ရှုံးနိမ့်အပြီး ဒေါ့မွန် ဂိုးသမား ဝိမ်ဒန်ဖယ်လာနဲ့ နောက်တန်းကစားသမား ဟမ်မဲတို့ဟာ ပရိသတ်တွေကို တောင်းပန်တဲ့အနေနဲ့ သွားရောက်စကားပြောခဲ့ကြပါတယ်။ ဒီရာသီမှာ ရလဒ်တွေဆိုးဝါးနေပေမယ့် ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ်ကတော့ နည်းပြဂျာဂျင်ကလော့ကို ထုတ်ပယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဓာတ်ပုံ - bvb [gallery ids="80202,80203,80204,80205,80206"]

A d v e r t i s e m e n t With Us

More News
Up