တရုတ်နိုင်ငံ ရေခဲဆည်ထဲကနေ လွတ်မြောက်ခဲ့သူ ၃ ဦး

တရုတ်နိုင်ငံ ဂျိလင်းပြည်နယ် အရှေ့မြောက်ပိုင်းက ရေခဲနေတဲ့ ဆည်ထဲမှာ အော်ဒီ  (Audi Q7) ကားတစီး မနစ်မြုပ်မီ ကားထဲက အမျိုးသား ၃ ဦးဟာ ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ကြပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အော်ဒီ  (Audi Q7)ကားဟာ ဆည်ရဲ့ အေးခဲနေတဲ့ မျက်နှာပြင်ပေါ်မှာ အရှိန်နဲ့ မောင်းနေတုန်း ကားဘီးက ရေခဲကို ခွဲပြီး ကျသွားခဲ့တာပါ။ ကားဟာ ၅ မိနစ်အတွင်း ရေထဲမြုပ်သွားခဲ့ပါတယ်။ ကားမောင်းသူနဲ့ ကားစီးသူ တို့ ၃ ဦးဟာ ကားပြတင်းပေါက်ကနေတဆင့် တွယ်တက်လွတ်မြောက်ခဲ့တာပါ။ ကားကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကမှ ကုန်းပေါ် ဆွဲတင်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မတော်တဆ ဖြစ်ချိန်မှာ ဒေသခံတွေနဲ့ ဧည့်သည်တွေက ဒေသတွင်း ဆောင်းရာသီ ငါးဖမ်းပွဲတော် ဖွင့်ပွဲကို တက်ရောက်နေကြပါတယ်။ ဓာတ်ပုံ - ရိုက်တာ ဗွီဒီယို [gallery ids="80191,80192,80193,80194"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up