A d v e r t i s e m e n t With Us

ပလိပ်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

နိုင်ငံဝန်ထမ်းဟောင်းများဘ၀ လုံခြုံမှုရရှိရေးနဲ့ လုပ်ခလစာရရှိရေးတို့အတွက် မန္တလေးတိုင်း ပလိပ်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက ၀န်ထမ်းတွေ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နိုင်ငံတော်စီမံချက်အရ အစိုးရပိုင်စက်ရုံကနေ ပုဂ္ဂလိက ပန်ဒါကုမ္ပဏီပိုင် စက်ရုံအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အလုပ်သမားတွေဟာ မူလရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းပေးဖို့ မန္တလေးမြို့ ဦးပွားဆုတောင်းပြည့်ဘုရားကနေစတင်ပြီး မန္တလေးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ လုပ်ခလစာရရှိရေး၊ မူလအခွင့်အရေးအတိုင်း လုပ်ငန်းခွင် ၀င်ရောက်ရေး၊ နိုင်ငံဝန်ထမ်းဟောင်းများဘ၀ လုံခြုံမှုရရှိရေး၊ မူလစာချုပ်ဆက်လက်အကောင်အထည်ဖော်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ ပလိပ်ချည်မျှင်နဲ့အထည်စက်ရုံက ၀န်ထမ်းတွေဟာ ၂၀၁၃ ခုနှစ်က အလုပ်အကိုင်ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးရေးဥပဒအရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက အလုပ်သမားတွေဟာ စာချုပ်ပါအချက်အလက်တွေအတိုင်း မရရှိခဲ့လို့ အလုပ်ရှင်နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပထမကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ပြေလည်မှုမရခဲ့လို့ အခု ထပ်မံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်နဲ့ပြတာဖြစ်ပြီး ၀န်ထမ်းဦးရေ ၄၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ၅ ရက်အတွင်း ပြဿနာကို မဖြေရှင်းပေးပါက နေပြည်တော်အထိ သွားရောက်ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်က အမှတ် ၂ ပလိပ် ချည်မျှင်စက်ရုံကို ပန်ဒါကုမ္ပဏီဟာ အစိုးရဆီကနေ ၂ဝ၁၃ ခုနှစ် ဧပြီလက လွှဲပြောင်းရယူပြီး နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဇော်ဇော် [gallery ids="80181,80182,80183,80184,80185"]

A d v e r t i s e m e n t With Us

More News
Up