ပျက်ကျထိုင်ဝမ်လေယာဉ် သေဆုံးသူ ၃၁ ဦး ရှိပြီ

749
TransAsia လေကြောင်းလိုင်းက လေယာဉ်တစီး တိုင်ဝမ်ကျွန်းက မြစ်ထဲ ပျက်ကျမှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၁ ယောက် ရှိသွားပြီလို့ တိုင်ဝမ်အရာရှိတွေက ဒီနေ့ ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူ ၁၂ ယောက်ကို ဒီနေ့ အစောပိုင်းက ဆက်လက်ရှာဖွေနေပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၅၈ ယောက်ကို တင်လာတဲ့ TransAsia လေကြောင်းလိုင်း လေကြောင်းခရီးစဉ်အမှတ် GE235 လေယာဉ်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ လေဆိပ်ကနေ ပျံတက်ပြီး မကြာခင် အဆောက်အဦတွေကြားမှာ လူးလှိမ့်ပျံသန်းခဲ့ပြီး နောက် မိုးပျံတံတား တစင်းကို တောင်ပံတဖက်နဲ့ တိုက်မိခဲ့လို့ မြစ်အတွင်း ဇောက်ထိုးပျက်ကျခဲ့ပါတယ်။
တိုင်ဝမ်အရပ်ဘက် လေကြောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ CAA က လူ ၁၅ ဦး ရှင်သန်ကျန်ရစ်တယ်လို့ ပြောပါတယ်။
လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ကတော့ သေဆုံးသွားတယ်လို့ CAA က ပြောပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="80174,80175,80176,80177,80178"]