မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကစားသမားအသစ်တွေ ဝယ်ယူအားဖြည့် နိုင်ပေမယ့် ဂန္တဝင်နည်းပြ ဖာဂူဆန်နေရာကိုတော့ အခုအချိန်ထိ အစားမထိုးနိုင်သေးဘူးလို့ နာမည်ကြီးဘောလုံးအေးဂျင့် ဂျော့စ်မန်ဒက်စ်က ပြောပါတယ်။
[caption id="attachment_80153" align="alignright" width="457"]

ဂျော့စ်မန်ဒက်စ် (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption]
“မန်ယူအသင်းမှာ ဖာဂူဆန်လို နောက် တယောက် ထပ်ရဖို့ လုံးဝမဖြစ်နိုင်ပါဘူး၊ သူက ဘောလုံး ကဝေတယောက်ပါ၊ အဲဒီလိုလူမျိုး နေရာ အစားထိုးဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။”
ဖာဂူဆန်ဟာ မန်ယူနည်းပြ ဘဝအဖြစ် ၂၇ နှစ်ကြာ တာဝန်ယူခဲ့ပြီး ဆုဖလားပေါင်း ၃၈ ခု ရယူပေးထားသူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဟော်လန်နိုင်ငံက လူးဝစ်ဗန်ဟားက မန်ယူနည်းပြအဖြစ် တာဝန်ယူနေတာ ၈ လရှိနေပြီ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီမှာ ဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၀ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပြီး အက်ဖ်အေဖလားမှာလည်း ပဉ္စမအဆင့်ကို ရောက်ရှိနေပါတယ်။
ဂျော့စ်မန်ဒက်စ်ဟာ ကမ္ဘာ့ထိပ်တန်းဘောလုံးသမားတွေရဲ့ အပြောင်းအရွှေ့ကို ချုပ်ကိုင်ထားတဲ့ နာမည်အကြီးဆုံး အေးဂျင့်တဦး ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို၊ ဒီယေဂို ကော်စတာနဲ့ ဒီမာရီယာ စတဲ့ နာမည်ကြီး ဘောလုံးသမားတွေရဲ့ အေးဂျင့်ဖြစ်သလို ချဲလ်ဆီးနည်းပြမော်ရင်ဟိုရဲ့ အေးဂျင့်တဦးလည်း ဖြစ်ပါတယ်။