ဗြိတိန်ခင်ပွန်းကို သတ်မှုသံသယဖြင့် အင်ဒိုနီးရှားအမျိုးသမီးကို တရားစွဲ

1.6K
ဗြိတိန်ခင်ပွန်းသည်ကို သတ်ဖို့ စီစဉ်တယ်လို့ သံသယရှိခံရတဲ့ အင်ဒိုနီးရှား အမျိုးသမီးတဦးကို ဖေဖော်ဝါရီ ၄ ရက်နေ့က တရားဝင် တရားစွဲလိုက်ပါတယ်။
တကယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ပါတယ်။ ခင်ပွန်းသည် ရောဘတ် အဲလတ်စ်ကို သတ်ဖို့ လူသတ်သမားတွေကို ငှားရမ်းခိုင်းစေခဲ့တဲ့အတွက် ဂျူလိုင်ကာ နောအိုင်နီ နောအဲလတ်စ်ကို ကြိုတင်ကြံရွယ်ထားတဲ့ လူသတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံ ဒန်ပါစာမြို့က တရားရုံးမှာ တရားစွဲခဲ့တာပါ။
တရားရုံးရှေ့နေ ရာခါအာရင်မ်ဘာဝါက သံသယရှိသူကို ဓားစာခံ ရောဘတ်အဲလတ်စ်ကို တမင်ရည်ရွယ်သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၃၈ နဲ့ ပုဒ်မ ၅၅ ဖြင့် တရားစွဲသင့်တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံသား အဲလတ်စ်ဟာ ဘာလီကျွန်းကို ပြောင်းမလာခင်က သြစတြေးလျနိုင်ငံမှာ နေထိုင်ခဲ့တာပါ။ သူ့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၁ ရက်နေ့က သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ အမွေနဲ့ပတ်သက်တဲ့ အရေးတွေကြောင့် အသတ်ခံရတာလို့ သိရပါတယ်။
သူ့ဇနီးသည်ရဲ့ ရှေ့နေကတော့ အမျိုးသမီးဟာ ဒီအရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ လူ ၆ ယောက် ငှားခဲ့တာလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ခုခံပြောဆိုပါတယ်။
ရောဘတ် အဲလတ်စ်ကို ထိခိုက်မှု၊ သွေးထွက်ဒဏ်ရာရမှု မရှိဘဲ ပြဿ နာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ သူတို့ကို ပြောခဲ့တာသာ ဖြစ်ကြောင်း ရှေ့နေ ညိုမန် ဝီစ်နုက ပြောပါတယ်။
အဲလတ်စ်ကို ဘာလီကျွန်းက စပါးခင်းထဲမှာ လည်ပင်းလှီးထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူ့အလောင်းကို စပါးခင်းထဲ လာမပစ်ခင် လူသတ်မှုဟာ ဘာလီကျွန်း စာနူရ်ရပ်ကွက်က သူတို့ဇနီးမောင်နှံပိုင် အိမ်ထဲမှာ ဖြစ်ခဲ့ပုံရတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး လူ ၇ ယောက်ကို ဖမ်းဆီးထားပါတယ်။
ဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="80148,80147,80146,80145,80144"]