A d v e r t i s e m e n t With Us

လီဗာပူးလ်က ဘော်လ်တန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရ

အက်ဖ်အေဖလား စတုတ္ထအဆင့် မနေ့က ယှဉ်ပြိုင်သွားတဲ့ပွဲစဉ်မှာ လီဗာပူးလ်က အိမ်ရှင် ဘော်လ်တန် ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ပဉ္စမအဆင့်ကို တက်ရောက်သွားပါတယ်။ ၅၈ မိနစ် မှာ အိမ်ရှင်ဘော်လ်တန်က  ပင်နယ်တီကနေ ဂိုးစသွင်းခဲ့ပေမယ့် ၈၅ မိနစ်မှာ  စတာလင်က ချေပဂိုးသွင်းခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ကိုသင်ဟိုက အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ လိဂ်ဖလားပြိုင်ပွဲက  ထွက်ခဲ့ရတဲ့  လီဗာပူးအနေနဲ့ အက်ဖ်အေဖလားကတော့ နောက်ဆုံး ကျန်ရှိတဲ့ အခွင့်အရေး ဖြစ်ပြီး ရေကုန်ရေခန်း ကြိုးစားသွားမယ်လို့ လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာ က ပြောဆိုထားပါတယ်။ လီဗာပူးလ်ဟာ  ယူရိုပါလိဂ်မှာလည်း  ပါဝင်ကစားနေပြီး  အဲဒီပြိုင်ပွဲ ၂ ခုလုံး အတွက် အသင်းအနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမယ်လို့ နည်းပြ ရော်ဂျာက ပြောဆိုခဲ့ပါတယ်။ ဓာတ်ပုံ - FA [gallery ids="80131,80132,80133"]

A d v e r t i s e m e n t With Us

More News
Up