A d v e r t i s e m e n t With Us

လေယာဉ်မှူးအသတ်ခံရမှု အိုင်အက်စ်ကို တုံ့ပြန်ချေမှုန်းမည်ဟု ဂျော်ဒန်ဘုရင် ကတိပြု

ဂျော်ဒန်တိုက်လေယာဉ်မှူး သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ပေါ်ခဲ့အပြီး အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ကို အပြင်းထန်ဆုံး လက်တုံ့ပြန်ချေမှုန်းမယ်လို့ ဂျော်ဒန်ဘုရင်က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ကတိပြုပြောဆိုလိုက်ပါတယ်။ [caption id="attachment_80128" align="aligncenter" width="758"]ဂျော်ဒန်ဘုရင် ဂျော်ဒန်ဘုရင်[/caption] လေယာဉ်မှူး သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ခဲ့အပြီး ဘုရင်အဗ္ဗဒူလာဟာ  သူရဲ့ အမေရိကန်ခရီးစဉ်ကနေ ပြန်ရောက်ရောက်ချင်း အရေးပေါ်လုံခြုံရေး အစည်းအဝေး ခေါ်ခဲ့တာပါ။ လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ပေါ်ခဲ့အပြီး ဂျော်ဒန်နိုင်ငံက ဖမ်းဆီးထားတဲ့ ဂျီဟတ်ဝါဒီ ၂ ဦးကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ [caption id="attachment_79962" align="alignright" width="480"]အသတ်ခံခဲ့ရသည့် ဂျော်ဒန်လေယာဉ်မှူး အသတ်ခံခဲ့ရသည့် ဂျော်ဒန်လေယာဉ်မှူး[/caption] ကွပ်မျက်ခံရသူ ၂ ဦးထဲမှာ ဂျော် ဒန်နိုင်ငံ က လေယာဉ် မှူးနဲ့ အလဲ အလှယ် လုပ်ဖို့ ကြိုးစားခဲ့ တဲ့ အီရတ်အမျိုး သမီး ဆာဂျီဒါ အယ်ရီရှားဝီဟာ လူ ၅၀ သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင်လို့ ဖမ်းဆီးခံထား ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်မှူးဟာ လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်တယ်လို့လည်း ယုံကြည်နေကြပါတယ်။ အိုင်အက်စ်တွေကတော့ အယ်ရီရှားဝီ နဲ့ လေယာဉ်မှူး လဲလှယ်မယ်လို့ ပြောဆိုခဲ့တာမဟုတ်ပဲ ဂျပန်သတင်းထောက် ကန်ဂျီ ဂိုတိုစံ နဲ့ လဲလှယ်ဖို့ပဲ ပြောဆိုခဲ့တာပါ။ နောက်ပိုင်းမှာ ကန်ဂျီလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အိုင်အက်စ်တွေကို အပြီးသတ်ချေမှုန်းနိုင်ရေး မဟာမိတ်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေ အရေးကြီးတယ်လို့လည်း ဂျော်ဒန်အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up