အာဖရိကဖလားတွင် အငြင်းပွားဖွယ် ပင်နယ်တီပေးခဲ့သည့်ဒိုင်ကို မိခင်နိုင်ငံပြန်ပို့

၂၀၁၅ အာဖရိကနိုင်ငံများ ဖလားပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်အသင်းဘက်ကို အငြင်းပွားဖွယ် ပင်နယ်တီကန်ခွင့်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို မိခင်နိုင်ငံ ပြန်ပို့လိုက်ပါတယ်။
[gallery ids="80117,80118,80119,80120,80121,80122"]
အိမ်ရှင် အီကွေတိုရီယယ် ဂီနီ နဲ့ တူနီးရှားတို့ ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကပွဲမှာ တူနီးရှားက ၆၉ မိနစ်ကျော်မှာ ဂိုးစတင်ရခဲ့ပြီး နာကျင်အချိန်ပိုရောက်တဲ့အထိ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုပေးတဲ့ အချိန် ၃ စက္ကန့်လောက်မှာ ကွင်းလယ်ဒိုင် မောရစ်သျှလူမျိုး ဆီးချန်က အိမ်ရှင်အသင်းကို အငြင်းပွားဘွယ် ပင်နယ်တီပေးခဲ့တဲ့အတွက် တူနီးရှားအသင်းသားတွေ အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။
အဲဒီပယ်နယ်တီနဲ့ အိမ်ရှင်က ချေပဂိုး သွင်းနိုင်ခဲ့ပြီး အချိန်ပိုဆက်ကစားရာမှာတော့ ၁၀၁ မိနစ် မှာ ပင်နယ်တီကန်သွင်းခဲ့တဲ့ ဘာလ်ဘိုအာက ပြစ်ဒဏ်ဘောကနေ အနိုင်ဂိုးသွင်းခဲ့ပြီး အိမ်ရှင် အသင်း ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။
နှစ်သင်းနည်းပြတွေ အရန်ကစားသမားတွေပါ ငြင်းခုန်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်ကို မိခင်နိုင်ငံ ပြန်ပို့ခဲ့သလို ဒိုင်လုပ်ခွင့်ကိုလည်း ၆ လ ပိတ်ပင်လိုက်ပါတယ်။