ဗင်နီဇွဲလားအာဏာပိုင်များကို အမေရိကန်က ဗီဇာ ပိတ်ပင်

ဗင်နီဇွဲလား သမ္မတ
711
အမေရိကန်နိုင်ငံက ဗင်နီဇွဲလားအစိုးရအာဏာပိုင်တွေကို နောက်ထပ်ဗီဇာပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တဲ့ကိစ္စကို ဗင်နီဇွဲလားသမ္မတက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
[caption id="attachment_80105" align="aligncenter" width="768"]
ဗင်နီဇွဲလား သမ္မတ[/caption]
ပြီးခဲ့တဲနှစ်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုနဲ့ အစိုးရအရာရှိတွေကို တိုက်ရိုက်ဗီဇာပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီတကြိမ်တော့ လူအခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ အစိုးရအရာရှိမိသားစုဝင်တွေကို ထပ်ပြီး ဗီဇာပိတ်ပင်ခဲ့ပါတယ်။
သမ္မတ မာဒူရိုကတော့ သမ္မတအိုဘားမားဆီ စာရေးပြီး ဒီကိစ္စကို ကန့်ကွက်မယ်လို့ ပြောဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံလို အချုပ်အချာအာဏာပိုင်နိုင်ငံတခုကို ဘယ်အင်အားကြီးနိုင်ငံကမှ တားမြစ်ပိတ်ပင်မှုတွေကို လုပ်ခွင့်မရှိဘူးလို့လည်း မာဒူရိုက ပြောဆိုပါတယ်။
အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြံစည်နေတယ်လို့ ၀ါရှင်တန်မှာ ပြုလုပ်တဲ့ စွမ်းအင်ထိပ်သီးအစည်းအဝေးတခုမှာ သမ္မတမာဒူရိုက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အခုလိုဗီဇာပိတ်ပင်မှု ထပ်လုပ်လိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံသံအမတ်တွေ ၂၀၁၀ ခုနှစ်က ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ ကြာလေလေ ပိုဆိုးလာလေလေ ဖြစ်လာခဲ့ပါတယ်။