Home
သတင်းဓာတ်ပုံ
မန္တလေး-ရန်ကုန်သပိတ်စစ်ကြောင်း သစ်ရာကောက်တွင် ညအိပ်ရပ်နားမည်
DVB
·
February 4, 2015
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မန္တလေး- ရန်ကုန်ခရီးရှည်ချီတက်နေတဲ့ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းဟာ ညအိပ်ရပ်နားတဲ့ မကွေးမြို့ကပ်ကျော် ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းကနေ ဒီကနေ့မနက် သစ်ရာကောက်ကို ချီတက်ပါတယ်။ မနက် ၁၀ နာရီခွဲလောက်မှာ မကွေးကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ဆရာကြီးခွင့်ပြုချက်အရ တက္ကသိုလ်တွင်းဝင်ရောက်ပြီး အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကျောင်းသားကျောင်းသူတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီနောက်မူလလမ်းကြောင်းအတိုင်း သစ်ရာကောက်ကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ဒီနောက် မကွေးတိုင်း ယင်းချောင်း တံတားထိပ်ရှိ လယ်သမား ခေါင်းဆောင် ဆရာစံနဲ့ အလုပ်သမား ခေါင်းဆောင် သခင် ဖိုးလှကြီး အမှတ်တရရုပ်တုတွေမှာ ဝင်ရောက် အလေးပြုခဲ့ကြပါတယ်။ မြန်မာစံတော်ချိန် ည ခြောက်နာရီခွဲခန်းမှာ မေးမြန်းချက်အရ သပိတ်စစ်ကြောင်းဟာ ညအိပ်မယ့် သစ်ရာကောက်လမ်းဆုံကို ရောက်ရှိဖို့ ခြောက်မိုင်ခန့်အကွာမှာ ရောက်ရှိချီတက်နေ ဆဲပဲလို့ သပိတ်စစ်ကြောင်းက ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်က ပြောပါတယ်။ ကျောင်းသားတွေနဲ့ အစိုးရအကြား အမျိုးသားပညာရေးပြင်ဆင်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းကို ရွှေ့ဆိုင်းထားပါတယ်။ ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ [gallery ids="80091,80092,80093,80094"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024