လူငယ်နှင့်ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာသမ္မတကို ဂိုချောက်တောင်တိုက်တွန်း

ဂိုချောက်တောင်နှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ် (ဓာတ်ပုံ - MFA)
1.2K
မြန်မာနိုင်ငံမှာရောက်နေတဲ့ စင်ကာပူဂုဏ်ထူးဆောင် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်က တိုင်းပြည်တိုးတက်ဖို့အတွက် လူငယ်နဲ့ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။
[caption id="attachment_80077" align="aligncenter" width="537"]
ဂိုချောက်တောင်နှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ် (ဓာတ်ပုံ - MFA)[/caption]
နေပြည်တော် သမ္မတအိမ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး မြန်မာပြည် ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ပြောကြားခဲ့တာလို့ စင်ကာပူနိုင်ငံခြားရေးဌာန သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် လူငယ်နဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ သမ္မတ ဦးသိန်းစိန်ကို အားပေးတိုက်တွန်းခဲ့ကြောင်းနဲ့ မြန်မာပြည်ကြွယ်ဝချမ်းသာဖို့ မောင်းနှင်အားအဖြစ် ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ၀န်ဆောင်မှု ကဏ္ဍတွေ ဖွံ့ဖြိုးဖို့ အရေးကြီးပုံနဲ့ ပတ်သက်ပြီးလည်း အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်ကတော့ မြန်မာကိုပေးတဲ့ စင်ကာပူရဲ့နည်းပညာ အကူအညီထောက်အပံ့နဲ့ ပတ်သက်ပြီး အထူးသဖြင့် ရန်ကုန်မှာ အသက်မွေးဝမ်းကြောင်း ပညာလေ့ကျင့်ရေးသိပံ္ပကျောင်း ဖွင့်လှစ်ထူထောင်ပေးတာကို အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မစ္စတာ ဂိုချောက်တောင်ရဲ့ ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မှာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ၀န်ကြီးအဆင့် ပူးတွဲ ကော်မတီတရပ်ဖွဲ့စည်းဆောင်ရွက်သွားဖို့လည်း သဘောတူညီမှုရှိခဲ့ပါတယ်။
ဒီကော်မတီကို ၁၉၉၅ ခုနှစ်က ထူထောင်ခဲ့ဖူးပြီး ရပ်နားထားတဲ့ လုပ်ငန်းတွေကို အခုနှစ်မှာ ပြန်လည်စတင်ဖို့နဲ့ ဒီကော်မတီအနေနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ကြေညာထားပါတယ်။
ကော်မတီကို ဦးဆောင်မယ့် သဘာပတိတွေအဖြစ် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နဲ့ စင်ကာပူ ကုန်သွယ်စက်မှုဝန်ကြီး လင်မ်ဟန်ခန် တို့က တွဲဖက်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဗဟိုဘဏ် တာဝန်ရှိသူတွေနဲ့လည်း စင်ကာပူ အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဘဏ်လုပ်ငန်းကြီးကြပ်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေးကိစ္စတွေမှာ အကူအညီပေး ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံသဘောတူညီခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်နဲ့အဖွဲ့ဟာ ခရီးစဉ်အတွင်း သမ္မတနဲ့ အစိုးရတာဝန်ရှိ သူတွေအပြင် လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံရှိပြီး တရုတ်နဲ့ ထိုင်းနိုင်ငံပြီးရင် တတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုကတော့ ပမာဏ စုစုပေါင်း စင်ကာပူဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံရှိပါတယ်။