A d v e r t i s e m e n t With Us

အမေရိကန်တွင် ဇနီးဖြစ်သူကို သတ်ပြီးထွက်ပြေးသူ ရဲကဖမ်းဆီး

အမေရိကန်နိုင်ငံမှာ ဇနီးဖြစ်သူအပါအ၀င် လူ ၄ ဦးကို သတ်ပြီး ထွက်ပြေးခဲ့တဲ့ ဂျော်ဂျီယာ ပြည်နယ်သားတဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က မစ္စစ္စပီ(Mississippi) ပြည်နယ် ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ [caption id="attachment_80069" align="aligncenter" width="489"]သောမတ်စ် ဂျက်စ်ဆီ လီ နှင့် ဇနီးဖြစ်သူ သောမတ်စ် ဂျက်စ်ဆီ လီ နှင့် ဇနီးဖြစ်သူ[/caption] အသက် ၂၆ နှစ်အရွယ် သောမတ်စ် ဂျက်စ်ဆီ လီ(Thomas Jesse Lee) ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ညက ဂျော်ဂျီယာပြည်နယ်မှာ လူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး အယ်လဘားမား ပြည်နယ်ကို ဘတ်စ်ကားနဲ့ ထွက်ခါနီးမှာ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အသက် ၁၆ နှစ်အရွယ်ကနေ အသက် ၆၉ နှစ်အရွယ်တွေ ဖြစ်ကြပြီး သူတို့ ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။ လီကို ရုံးတင်ဖို့ နေရပ်ရင်း ဂျော်ဂျီယာပြည်နယ်ကို ပြန်ပို့မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up