ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်စစ်ဆေး
DVB
·
February 4, 2015
ဗုဒ္ဓရုပ်ပွားတော်ရဲ့ နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့V Grastro.bar က နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ပုဒ်မ ၂၉၅၊ ၂၉၅(က)နဲ့ ၁၈၈ တို့နဲ့ ဆွဲချက်တင်ထားတာဖြစ်ပါတယ်။
ဓာတ်ပုံ - ဒီဗွီဘီ
[gallery ids="80062,80063,80064,80065,80066"]