A d v e r t i s e m e n t With Us

နှစ် ၂၀၀ သက်တမ်းရှိ သံဃာရုပ်ကလာပ် သိပ္ပံပညာရှင်များ စစ်ဆေး

နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ သံဃာတော်တပါးရဲ့ ရုပ်ကလပ်ကို မွန်ဂိုးလီးယား သိပ္ပံပညာရှင်တွေက စစ်ဆေးနေပါတယ်။ တချို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ပေါက်မြောက်ပြီး တရားရသွားတဲ့အတွက် အသက်ရှင်နေတုန်းပဲလို့ ယုံကြည်နေပါတယ်။ တင်ပလ္လင်ခွေထိုင်ပြီး တရားရှုမှတ်နေပုံရတဲ့ သံဃာ ရုပ်ကလပ်ကို အရင်သီတင်းပတ်က ဆောင်ဂီနို ခိုင်ရာခန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မွန်ဂိုးလီးယားမြို့တော် အူလန်ဘာတော့က အမျိုးသား မှုခင်းဆေးပညာ ကျွမ်းကျင်မှု ဆင်တာမှာ လေ့လာမှုတွေ လုပ်ဖို့ ပို့ဆောင်ခဲ့ပါတယ်။ ဒီရုပ်ကလပ်ဟာ ၁၉ ရာစုကတည်းက ဖြစ်မယ်လို့ ခန့်မှန်းနေသလို လူတယောက်က ရောင်းဖို့ ခိုးယူခဲ့တဲ့ အတွက် ဖမ်းဆီးထားတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။ ဒီအတွက် နဂိုမူလက ဘယ်လိုအနေအထား ရှိနေမယ်ဆိုတာကို မသိရဘူးလို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က တရားထိုင်နေတဲ့ တိဗက် ဘုန်းတော်ကြီးတွေ အပါအ၀င် အိန္ဒိယမှာ အလားတူ ဖြစ်ရပ် ၄၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - siberiantimes [gallery ids="80031,80032,80033"]

A d v e r t i s e m e n t With Us

More News
Up