A d v e r t i s e m e n t With Us

ပျက်ကျ ထိုင်ဝမ်လေယာဉ် ၉ ဦး သေဆုံး၊ ၁၃ ဦးပျောက်ဆုံး

ထိုင်ဝမ်မှာ လေယာဉ်ပျက်ကျတဲ့ အတွက် လူ ၉ ဦး သေဆုံးခဲ့ပြီး ၁၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းတွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေက ရေးပါတယ်။ လူ ၁၆ ဦးကို ကယ်တယ်ထားနိုင်ပြီး ဆေးရုံကို ပို့ဆောင်ရာမှာ  ရောက်ရောက်ချင်း ၂ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးဟာ ပိတ်မိ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ပေါ်မှာ တရုတ်ခရီးသွား ၃၁ ဦးလိုက်ပါ စီးနင်းလာတယ်လို့လည်း သတင်းတွေက ရေးပါတယ်။ လေယာဉ် အမှုထမ်း အပါအ၀င် လူ ၅၈ ဦးကို တင်ဆောင်လာတဲ့ ထရန်အေးရှား လေကြောင်းလိုင်းဟာ ထိုင်ဝမ်မြို့တော် အနီးက  မြစ်ထဲကို ဒီကနေ့ ပျက်ကျသွားတာပါ။ ဓာတ်ပုံ - အေအက်ဖ်ပီ [gallery ids="80016,80017,80018"]

A d v e r t i s e m e n t With Us

More News
Up