လူ ၃ ဦးဖြင့် ကလေးယူမည့်အစီအစဉ် ဗြိတိန်အောက်လွှတ်တော် ထောက်ခံ

1.1K
အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးရဲ့ ဒီအန်အေနဲ့ ကလေးရယူနိုင်တဲ့ နည်းလမ်းကို ဗြိတိန် အောက်လွှတ်တော်အမတ်တွေက ထောက်ခံမဲပေးခဲ့ပါတယ်။
ဒီအတွက် ဗြိတိန်ဟာ လူ ၃ ဦးနဲ့ကလေးယူနိုင်မယ့် အစီအစဉ်ကို စတင်နိုင်မယ့် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မယ်လို့ စကိုင်း နယူးက ရေးပါတယ်။
မိခင်ကနေ ကလေးဆီ လက်ဆင့်ကမ်းတဲ့ မျိုးရိုးလိုက် ရောဂါတွေ ကူးစက်တာကို ရပ်တန့်နိုင်မယ့် ဒီနည်းပညာကို လွှတ်တော်အမတ် ၃၈၂ ဦးက ထောက်ခံခဲ့ပြီး ၁၂၈ ဦး ဆန့်ကျင်ခဲ့ပါတယ်။
ငြင်းခုံဆွေးနွေးရာမှာ အမတ်တွေက ဒီနည်းပညာဟာ မဲမှောင်တဲ့ ဥမင်အဆုံးက အလင်းရောင်အဖြစ် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမှာ ဖြစ်သလို အားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရင်တော့ နောက်နှစ်မှာ ဒီနည်းစနစ်ကို အသုံးပြုပြီး ကလေးမွေးဖွားနိုင်မှာ ဖြစ်ပါတယ်။
နှစ်စဉ် ကလေး ၁၅၀ လောက် မွေးဖွားနိုင်မယ်လို့လည်း ခန့်မှန်းနေပါတယ်။