ကျူပီအာနည်းပြ ရက်နက် ရာထူးက နုတ်ထွက်

1K
နည်းပြ ဟယ်ရီ ရက်နက်ဟာ ကျုပီအာအသင်း နည်းပြအဖြစ်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
အသက် ၆၇ နှစ်အရွယ် နည်းပြကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် အခုလို နည်းပြအဖြစ်ကနေ နုတ်ထွက်တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အသင်းက ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ သူ့မှာ ဒူးခေါင်းခွဲစိတ်ကုသရဖို့ ရှိလို့ အခုလို နုတ်ထွက်တာ ဖြစ်ကြောင်း ပြောပါတယ်။
ရက်နက်ဟာ လန်ဒန်အခြေစိုက် ကျုပီအာအသင်းကို ၂ နှစ်ခွဲကျော် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ကျုပီအာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာလည်း ရလဒ်တွေ မကောင်းလို့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
