မန်ယူက ကိန်းဘရစ်ကို ၃ ဂိုးပြတ်နိုင်

1K
ဇန်နါဝရီ ၃ ရက်နေ့ညပိုင်းက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက အိမ်ကွင်းမှာ ကိန်းဘရစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ မန်ယူက အဓိက ကစာသမား အစုံအလင်နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။
အနိုင်ဂိုးတွေကို မာတာ၊ ရိုဂျိုနဲ့ ၀ီလျဆင်တို့က သွင်းယူပေးတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ မန်ယူအသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ပထမတန်းကလပ် ပရင်စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပထမအကျော့မှာတုန်းက မန်ယူနဲ့ ဒုတိယတန်းကလပ် ကိန်းဘရစ်တို့ ဂိုးမရှိ သရေကျခဲ့တာပါ။