အီဘိုလာကာကွယ်ဆေး စမ်းသပ်မှု ယူဂန်ဒါနိုင်ငံတွင် ပြုလုပ်

694
ယူဂန်ဒါနိုင်ငံက မာကီရီရီ တက္ကသိုလ်နဲ့ အမေရိကန်ကူးစက်ရောဂါဌာနတို့ ပူးပေါင်းပြီး အီဘိုလာ ကာကွယ်ဆေး စမ်းသပ်မှုတွေကို ယူဂန်ဒါနိုင်ငံမှာ စတင်လုပ်ဆောင်နေကြပါတယ်။
၂၀၀၂ ခုနှစ်က ပထမတကြိမ် စမ်းသပ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက စမ်းသပ်ဆေးဟာ ဘေးအန္တရာယ်မရှိ အတည်ပြုနိုင်ခဲ့ ပါတယ်။ အခု ဒုတိယအကြိမ်မှာတော့ အသက် ၁၈ နှစ်နဲ့ ၆၅ နှစ်အရွယ်ကြား ကျန်းမာသူ အယောက် ၉၀ ကို အီဘိုလာဗိုင်းရပ်ပိုး ထိုးသွင်းပြီး စမ်းသပ်ဆေးက ရောဂါကို တွန်းလှန်နိုင်ခြင်းရှိ၊ မရှိ စနစ်တကျ စမ်းသပ်သွားမှာလို့ စမ်းသပ်ဆေးသုသေသနပညာရှင် ဒေါက်တာ ဟာနက် ကီဘူကာ က ပြောဆိုပါတယ်။
လောလောဆယ်တော့ စမ်းသပ်မှုမှာ ပါဝင်နိုင်မယ့်လူတွေကို ရွေးချယ်နေပြီး ၂ ပတ်အကြာမှ စတင်စမ်းသပ်မယ်လို့လည်း ပြောဆိုပါတယ်။ အီဘိုလာဆေး စမ်းသပ်ခံမယ့်သူတဦးကတော့ “အီဘိုလာရောဂါ အကြောင်းကိုလည်း ဂဃနဏသိရှိပြီး ရောဂါနဲ့ပတ်သက်တဲ့ ဆေးတွေလည်း အဆင်သင့် ပြည့်ပြည့်စုံစုံရှိတဲ့အတွက် မစမ်းသပ်ရဲစရာ အကြောင်းမရှိပါဘူး”လို့ ပြောဆိုပါတယ်။
၂၀၀၂ ခုနှစ်က ပထမတကြိမ် စမ်းသပ်ခဲ့သူတွေလည်း အခုတခေါက်မှာလည်း ထည့်သွင်းစမ်းသပ်ဖို့ စီစဉ်ထားပြီး ဆေးထိရောက်မှုအဖြေကိုလည်း သုသေသန ပညာရှင်တွေက သိချင်ကြပါတယ်။
ဒီစမ်းသပ်မှုကတော့ အခုဖြစ်ပွားနေတဲ့ ဆူဒန်အီဘိုလာ နဲ့ ဇိုင်ယာအီဘိုလာရောဂါမျိုးကွဲနှစ်ခုကို အဓိကပစ်မှတ်ထား သုသေတနလုပ်မှာပါ။
တနှစ်အတွင်း ဆေးစမ်းသပ်မှုအဖြေကို ထုတ်ပေးမှာဖြစ်ပြီး လက်ရှိအီဘိုလာရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသနိုင်မယ်ဆေး ဖော်ထုတ်နိုင်မယ်လို့ သုသေသန ပညာရှင်တွေက မျှော်မှန်းထားပါတယ်။