A d v e r t i s e m e n t With Us

အမေရိကန်နှင့် မဟာမိတ်များ အိုင်အက်စ်စစ်သွေးကြွပစ်မှတ်များကို လေကြောင်းဖြင့် တိုက်ခိုက်

အီရတ်နိုင်ငံရဲ့ မိုဆူးလ်မြို့နားမှာ လေကြောင်းပစ်ခတ်မှု အတွဲလိုက်ကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကားတစီးနဲ့ ခြံဝင်းတခုကို ထိမှန်ခဲ့တာကို အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိတဲ့ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဝန်ကြီးဌာနကတော့ ပစ်မှတ် ၂ ခုလုံးဟာ ကာဆတ်မြို့ထဲက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေလို့ ပြောပါတယ်။ မိုဆူးလ်မြို့ အနောက်မြောက်ဘက် ကီလို ၆၀ အကွာက ခြံဝင်းဟာ အိုင်အက်စ် တိုက်ခိုက်ရေး စခန်းတခုလို့လည်း ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေကို ISIL လို့ရော ISIS လို့ပါ တခြားနာမည်တွေနဲ့ ကမ္ဘာ့မီဒီယာအသီးသီးက ခေါ်ဝေါ်သုံးနှုန်းနေပါတယ်။ ဒီပစ်ခတ်မှုဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်တွေကို ချေမှုန်းမယ့် Inherent Resolve စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ကတော့ ဖက်စပ်တပ်ပေါင်းက အမေရိကန်နဲ့ မဟာမိတ်တွေဟာ ၂၄ နာရီအတွင်း အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ် တပ်တွေကိုလေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ် လုပ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ခိုဘာနီမြို့နားက စစ်တပ်ကို ဆုတ်ခွာနေတဲ့ အိုင်အက်စ်တွေကို လေကြောင်းပစ်ခတ်မှု ၉ ကြိမ်လုပ်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံတွင်း ဒိုင်ယာမြို့နားက အိုင်အက်စ် စစ်ဆေးရေးစခန်းတခုနဲ့ အီရတ်မြို့ ဆယ်မြို့နားက အိုင်အက်စ်ပစ်မှတ်တွေကို လေကြောင်းပစ်ခတ်မှု ၁၇ ကြိမ် လုပ်ခဲ့တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။ ဗျူဟာမြောက် တပ်ဖွဲ့တွေ တိုက်ခိုက်ရေးစခန်းတွေ ကားတွေ လက်နက်ကိရိယာတွေ သိုလှောင်ရေးစခန်းတခုနဲ့ ကတုတ်ကျင်းတခုတို့ကို ထိမှန်ခဲ့တယ်လို့တပ်ဖွဲ့က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up