ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ပြီဟု ထိုင်ဝမ်အစိုးရ ကြေညာ

ထိုင်ဝမ်ကျွန်းမှာ လတ်တလောကူးစက်နေတဲ့ ငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ထိုင်ဝမ်အစိုးရက ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာပါတယ်။ ဒါပေမယ့် နောက်ထပ် ဗိုင်းရပ်စ်မကူးစက်နိုင်အောင် တင်းကြပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီ အစောပိုင်းတည်းက ကူးစက်နေတဲ့ ငှက်တုပ်ကွေး မျိုးဗီဇအမျိုးမျိုးကို တားဆီးဖို့ အားထုတ်တဲ့အနေနဲ့ တိုင်ယမ်ဟာ ငှက်ကောင်ရေ ၁.၇ သန်းကို သုတ်သင်ခဲ့ ပြီးပါပြီ။ ထိုင်ဝမ်မှာ လတ်တလောကူးစက်မှုဟာ ဆယ်စုနှစ်တခုအတွင်း ကြုံခဲ့သမျှ အဆိုးဆုံးပဲလို့ ထိုင်ဝမ် စိုက်ပျိုးရေးကောင်စီခေါင်းဆောင် ချန်ဘောင်ကျိက ပြောတဲ့အကြောင်း တရုတ်သတင်းဌာန ရှင်းဟွာ က အစီရင်ခံပါတယ်။ တိုင်ဝမ်စိုက်ပျိုးရေးကောင်စီရဲ့ အပင်နဲ့ တိရစ်ဆန် ကျန်းမာရေးစစ်ဆေးမှု ဗျူရိုက ဒုညွှန်မှူး ဝမ်ကျန်းတောင်က “အစီရင်ခံတဲ့ ကူးစက်မှု အရေအတွက် ကတော့ ကျန်ခဲ့တဲ့ ရက်တွေအတွင်း ကျဆင်းလာပြီ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကုန်းငှက်နဲ့ ရေငှက်ကြား ကူးစက်မှုပုံစံ ပြောင်းလာတာကို ပိုဂရုစိုက်ရလိမ့်မယ်”လို့ ပြောပါတယ်။ လောလောဆယ်တော့ နိုင်ငံအားလုံး မြို့အားလုံးက ကြက်ငှက် ပို့ကုန်သွင်းကုန်တွေမှာ သယ်ယူတဲ့ ကားတွေနဲ့ လူတွေအပါအဝင် အားလုံးမှာ ကျန်းမာရေးနဲ့ ပိုးသတ်ထားမှု အောင်လက်မှတ်ရှိရမယ် ပြီးတော့ စစ်ဆေး ထားသိုရေး ဌာနတွေကလဲ လူတွေ ကားတွေက ထိရောက်မှုရှိရှိ ပိုးသတ်တာ သေချာအောင် လုပ်ရမယ်လို့လဲ သူကဆက် ပြောပါတယ်။ တိုက်ကျော်ပျံသန်းတဲ့ ငှက်တွေ အရေအတွက်က တိုးလာနေလို့ ဗိုင်းရပ်စ်မျိုးဗီဇသစ်တွေ ပိုရှိလာတယ် ဒါကြောင့် ကျွန်တော်တို့မှာ ဇီဝဘေးကင်းမှု ရှိရေး သေချာစေရမယ်လို့လည်း ပြောပါတယ်။ ဒေသခံ ကြက်ဘဲနဲ့ ငန်းတွေမှာ ငှက်တုပ်ကွေး မျိုးဗီဇသစ်ဖြစ်တဲ့ H5N8, H5N3 and H5N2 တို့ကို တွေ့ခဲ့တယ်လို့ စိုက်ပျိုးရေးကောင်စီက သီတင်းပတ်ကုန်ရက်ပိုင်းက ပြောပါတယ်။ ဒေသခံမီဒီယာတွေကတော့ ကူးစက်မှုတွေဟာ ဒေသတွင်း သန္ဓေပြောင်းမှုထက် တိုက်ကျော်ပျံသန်းတဲ့ ငှက်တွေကြောင့် ဖြစ်ပုံရတယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up