Home
မြန်မာသတင်း
ပါတီအမည်တပ် မြို့ရွာအမည်များ တရားမ၀င်ဟု အစိုးရသတ်မှတ်
DVB
·
February 3, 2015
USDP Yမြန်မာနိုင်ငံအတွင်းမှာ မြို့ရွာအမည်တွေကို နိုင်ငံရေးပါတီအမည်တပ် ဆိုင်းဘုတ်တင်ထား တာတွေဟာ တရားမ၀င်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မြို့၊ ရွာအချို့မှာ ပါတီအမည်တပ်ပြီး ဆိုင်းဘုတ်တင်ထားတာတွေကို အစိုးရက တရားဝင်ခွင့်ပြုထားခြင်းရှိမရှိနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ဒီကိစ္စအပေါ် တားမြစ်ခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းရာမှာ အစိုးရတာဝန်ရှိသူက လာရောက်ဖြေကြားသွာတာပါ။ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဥပဒေနဲ့အညီအမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ထားတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စုအမည်တွေကိုသာ တရားဝင်အသိအမှတ်ပြု မှတ်တမ်းတင်ထားရှိကြောင်း၊ အစိုးရအနေနဲ့ ပါတီအမည်တပ်မြို့ရွာ အမည်များကို ဆိုင်းဘုတ် တင်ထားတာကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်းနဲ့ ပြည်ထဲရေးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာအမည်တွေကိုသာ မှတ်တမ်းတင် အသိအမှတ်ပြုတယ်လို့ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ခရိုင်ပေါင်း ၇၃ ခု၊ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၁၇ မြို့၊ ရပ်ကွက်ပေါင်း ၃၁၅၄ ၊ ကျေးရွာအုပ်စုပေါင်း ၁၃,၆၁၀နဲ့ ကျေးရွာပေါင်း ၆၃,၈၉၉ ရွာရှိတယ်လို့ အစိုးရက တရားဝင်သတ်မှတ် ထားတာပါ။ ဒါပေမယ့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့တွေရွာတွေမှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အတိုကောက်အမည်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးမြို့၊ ပြည်ခိုင်ဖြိုးရွာဆိုပြီး ဆိုင်းဘုတ်တင်ထား တာတွေရှိနေတဲ့အတွက် သဘောမတူတဲ့ ဒေသခံတွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024