A d v e r t i s e m e n t With Us

ပါဝါရိန်းဂျား ရုပ်ရှင်မင်းသား လူသတ်မှုဖြင့် ဒေါ်လာ ၁ သန်း အာမခံတင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ အခန်းဖော်ကို ဓားနဲ့ ထိုးမှုကြောင့် ပါဝါရိန်းဂျား မင်းသားက ဒေါ်လာ ၁ သန်းနဲ့ အာမခံတင်ထားရပါတယ်။ Red Power Rangerဇန်န၀ါရီ ၃၁ ရက်နေ့က စကားများခဲ့ကြပြီးတဲ့နောက် မင်းသား ရီကာဒို မက်ဒီနာက အခန်းဖော် ဂျော့ရွှာ ဆူတာဝမ်းဗိုက်ကို ဓားနဲ့ ထိုးလိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ စီအန်အန် သတင်းမှာ ရေးပါတယ်။ ရီကာဒိုက အခန်းကို ရည်းစားကိုခေါ်လာတာကို ဆူတာက လိုက်လာပြီး အတင်းတံခါးဖွင့်ခိုင်းခဲ့တဲ့ အချင်းများပြီး အခုလို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပြီးတဲ့နောက် မက်ဒီနာက ၉၁၁ကို ဖုန်းခေါ်ခဲ့ပြီး စုံထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ မက်ဒီနာဟာ ၂၀၀၂ ခခုနှစ်ပိုင်း “Power Rangers Wild Force” ဇာတ်ကားမှာ အနီရောင် ရိန်းဂျာ အဖြစ် သရုပ်ဆောင်ခဲ့သလို “ဆာမူရိုင်း ပါဝါရိန်းဂျား” ဇာတ်ကားမှာ ထပ်မံ သရုပ်ဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up