ယူကရိန်းရှိ သူပုန်ထိန်းချုပ်ရာနယ်မြေတွင် စစ်အင်အား ၁ သိန်း စုဆောင်းမည်ဟု သူပုန်ခေါင်းဆောင် ကြေညာ

1.2K
ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေါ့ညက်စ်နဲ့ လူ့စ်ဟန့်ဒေသမှာ စစ်အင်အား ၁ သိန်း စုဆောင်းမယ်လို့ သူပုန်ခေါင်းဆောင်က ဇန်န၀ါရီလ ၂ ရက်နေ့က ထုတ်ဖော်ကြေညာ ပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ယူကရိန်းတပ်ဖွဲ့ဝင်အင်အားလည်း ဖြည့်တင်းနေတာကြောင့် ဒေါ့ညက်စ်နဲ့ လူးဟန့်စ်ပူးပေါင်းတပ်မတော် အရေးပေါ်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ သူပုန်ခေါင်းဆောင် အလက်ဇန္ဒား ဇခါချန်ကို က သတင်းထောက်တွေကို ပြောဆိုပါတယ်။
သူပုန်ဒေသတွေကနေ ယူကရိန်းစစ်တပ်ကို တိုက်ထုတ်နေကြပြီး အချက်အချာ ရထားလမ်းဆုံမြို့ဖြစ်တဲ့ ဒီဘယ်စီဗီ မြို့ကို သိမ်းပိုက်နိုင်ရေးလည်း ရုရှားနောက်ခံသူပုန်တွေက စိုင်းပြင်းနေကြတာပါ။ အပစ်အခတ်ရပ်စဲရေး ထပ်မံဆွေးနွေးဖို့ ကြိုးစားခဲ့ကြပေမယ့် သူပုန်ကိုယ်စားလှယ်တွေ တက်ရောက်ခြင်းမရှိခဲ့တာကြောင့် ဆွေးနွေးပွဲလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့်အပတ်မှာ စစ်အင်အားစုဆောင်းရေ စတင်မယ်လို့ ပြောဆိုပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ လောလောဆယ် စစ်မျက်နှာပြင်တွေမှာ တိုက်ပွဲဝင်နေတဲ့ သူပုန်အင်အားကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။
ပြီးခဲ့တဲ့စက်တင်ဘာလက နှစ်ဖက်လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ပျက်ပြားသွားခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲအရှိန်လည်း ပြန်မြင့်လာခဲ့တာကြောင့် နိုင်ငံအရှေ့ပိုင်းစစ်မျက်နှာပြင်တွေကို ယူကရိန်းအစိုးရ တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေရပါတယ်။
အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုယ်စားလှယ် တရားဝင်ခန့်အပ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မှာမဟုတ်ဘူးလို့လည်း သူပုန်ခေါင်းဆောင်က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ခဲ့တဲ့ ယူကရိန်းပြည်တွင်းစစ်အတွင်း လူ ၅ ထောင်ကျော် သေဆုံခဲ့ပြီဖြစ်ပြီး နေရပ်စွန့်ခွာသူ ဒေသခံ ၆ သိန်းကျော်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
[gallery ids="79880,79881,79882"]