ဇန်န၀ါရီ ဈေးကွက် နောက်ဆုံးနေ့ ပရီးမီးယားလိဂ် ဘောလုံးသမား အပြောင်းအရွှေ့

1.7K
[caption id="attachment_79855" align="alignleft" width="227"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
အင်္ဂလန်ပရီးမီးယားလိဂ် ဇန်န၀ါရီလ အပြောင်းအရွှေ့ဈေးကွက်ပိတ်ရက် နောက်ဆုံးရက်မှာတော့ မန်ချက်စတာ စီးတီး ကလပ် အသင်းက ဆွမ်ဆီးအသင်းက အိုင်ဗရီကိုစ့် တိုက်စစ်မှူး ဘိုနီကို ခေါ်ယူလိုက်ပါတယ်။
ပေါင် ၂၈ သန်းနဲ့ ခေါ်ယူနိုင်လိုက်တာ ဖြစ်တဲ့ အတွက် ဇန်န၀ါရီ အပြောင်း အရွှေ့ ဈေးကွက်မှာ ဈေးအကြီးဆုံး ခေါ်ယူမှုတခု ဖြစ်လာပါတယ်။
[caption id="attachment_79856" align="alignright" width="240"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
ဒါ့အပြင် ချဲလ်ဆီးက အီတလီးစီးရီးအေကလပ် ဖီအိုရင်တီးနား တောင်ပံသမား ဟွန်ခရာဒို ကို ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းကျော် ပေးပြီး ၄ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ် ကိုလံဘီယာ လက်ရွေးစင် ခရာဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ သူဟာ အီတလီစီးရီးအေးမှာ ၅ နှစ်ကြာ ကစားထားတဲ့ အတွေ့အကြုံရှိထားသူလည်း ဖြစ်ပါတယ်။ ခရာဒိုဟာ ကိုလံဘီယာ လက်ရွေးစင်အသင်းအတွက် ၃၇ ပွဲ ကစားပေးထားပြီး ၅ ဂိုး သွင်းပေးထားပါတယ်။
[caption id="attachment_79857" align="alignleft" width="252"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
ချဲလ်ဆီးက တောင်ပံသမား ရှာရဲကို ဂျာမန်ကလပ် ၀ု့စ်ဘာ့အသင်းဆီကို ပေါင် ၂၂ သန်းနဲ့ ရောင်းထုတ်လိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမားဟာ ဂျာမဏီ လက်ရွေးစင် ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြ နိုင်ခဲ့သူ ဖြစ်ပါတယ်။
ရှာရဲဟာ လေဗာကူဆန်အသင်းကနေ ၂၀၁၃ မှာ ပေါင် ၁၈ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။ ဒါပေမယ့်လည်း ချဲလ်ဆီး ပုံမှန် ပွဲထွက်ကစားခွင့် မရတဲ့အတွက် အသင်းပြောင်းတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက မိုဟာမက် ဆာလာကို ဖီအိုရင်တီးနား အသင်းကို အဌားနဲ့ သွားရောက် ကစားခွင့် ပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဘော်တန် နောက်ခံလူ အန်ဒီ ကဲလက်ကို အဌား စာချုပ်နဲ့ ဒီနှစ်ရာသီကုန် အထိ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။
[caption id="attachment_79862" align="alignleft" width="212"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
ဝက်ဘရောင်း အသင်းကလည်း မန်ချက်စတာယူနိုက်တက် အသင်းက ဒါရင်း ဖလက်ချာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၂နှစ်ခွဲ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။
တော့တင်ဟမ်ကလပ်ကလည်း အမ်ကေဒွန်း အလယ်တန်း ဒီလီအာလီကို ၅ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမားကို နယူးကာဆယ် ယူနိုက်ကလည်း အလိုရှိ နေတာ ဖြစ်ပါတယ်။ သူဟာ ဒီနှစ် ရာသီ အတွက် ၂၅ ပွဲကစား ၁၂ ဂိုး သွင်းယူထားပါတယ်။
[caption id="attachment_79864" align="alignleft" width="210"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
အဲဗာတန် အသင်းကလည်း တောတင်ဟမ် တောင်ပံ ကစားသမား အာရွန် လီနွန်ကို ပရီးမီးယားလိဂ် ရာသီကုန်တဲ့ အထိ အဌားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ လီနွန်ကို ဟာလ်း၊ စတုတ်နဲ့ ကျူပီအာတို့က လိုချင်ပေမယ့် သူက အဲဗာတန်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်က ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွမ်ဆီးအသင်းက အသင်းအတွက် ကစားသမား ၄ ဦးစီ ခေါ်ယူနိုင်ခဲ့ပါတယ်။