Live
Home
သတင်းဓာတ်ပုံ
ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်-ရန်ကုန် ချီတက်လမ်းလျှောက်မှု ယနေ့စတင်
DVB
·
February 3, 2015
ဒီမိုကရေစီပညာရေး ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းအနေနဲ့ ပုသိမ်ကနေ ရန်ကုန် လမ်းလျှောက်ချီတက်မှုကို ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီအချိန်မှာ ပုသိမ်မြို့ ဇေယျဝတီ ၁ လမ်းရှိ ပညာပါရမီ ပညာဒါနကျောင်းရှေ့မှ စတင်ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ချီတက်ရာ လမ်းတလျှောက်မှာလည်း တောင်းဆိုထားတဲ့ အချက်အလက်များကို သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင်တွေက ရှင်းလင်းဟောပြောသွားမှာပါ။ သပိတ်စစ်ကြောင်း ဦးစီးကော်မတီဝင်တွေအနေနဲ့ အခုလိုချီတက်နိုင်ဖို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ အစည်းအဝေးကနေ ရန်ကုန်ကို ချီတက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပုသိမ်၊ ကန်ကြီးထောင့်၊ ဒါးက၊ ကျောင်းကုန်း၊ အင်းမ၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ကျို က်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ လှိုင်သာယာ လမ်းကြောင်းအတိုင်း ချီတက်ရန်စီစဉ်ထားတယ်လို့ သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီက ဆိုပါတယ်။ ဧရာဝတီ သပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီ ၃၀ ရက်နေ့က စတင်ကာ ပုသိမ်မြို့မှာ သပိတ်မှောက်ခဲ့ပြီး ဇန်န၀ါရီ ၃၁ ရက်နေ့အထိ မြို့တွင်းမှာ လမ်းလျှောက်တာ၊ ပုသိမ် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ ပုသိမ်နည်းပညာတက္ကသိုလ်တို့မှာ လှည့်လည် ဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျန်တဲ့ ရက်တွေမှာတော့ ရန်ကုန်မြို့က လေးပွင့်ဆိုင် ဆွေးနွေးပွဲကို​ စောင့်​ကြည့်တဲ့အနေနဲ့ သပိတ်ကို ခေတ္တရပ်နားခဲ့တာပါ။ ဧရာဝတီ ကျောင်းသားစစ်ကြောင်းဟာ ပင်မစစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ရန်ကုန်မြို့ကို လမ်းလျှောက် ချီတက်တာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ငြိမ်းသူ [gallery ids="79824,79825,79826,79827,79828,79829,79830"]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024