A d v e r t i s e m e n t With Us

ထိုင်း မော်တော်ကား တာရာ စက်ရုံ မီးလောင်

ထိုင်းနိုင်ငံအရှေ့ပိုင်း လယောင်းခရိုင် နဲ့ ချွန်းပူးရီးခရိုင်ကြား  Eastern Seaboard စက်မှုဇုန် ထဲက  မော်တော်ကားတာယာစက်ရုံဟာ ဖေဖော်ဝါရီ ၁ ရက်   ည ၉ နာရီမှာ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်း အခြေစိုက် နေရှင်း သတင်းမှာ ဖော်ပြပါတယ်။ စက်ရုံဟာ လိန်လန် ခေါ်  LLIT ( Thailand )   ကုမ္ပဏီက ဖြစ်ပြီး  မီးသတ်ကား  ၂၀ နဲ့  ၅ နာရီကြာ  မီးကို ငြိမ်းသတ်ခဲ့ရ တယ်လို့ ဆိုပါတယ်။ မီးလောင်တဲ့နေရာမှာ မော်တော်ကားတာယာ ပုံကြီး ရှိတဲ့အတွက် လောင်စာဖြည့်သလို ဖြစ်ပြီး တာယာတွေ တလုံးပြီးတလုံးထကွဲတာကြောင့်   ဖေဖော် ၀ါရီလ ၂ ရက် နေ့ခင်းပိုင်းထိ တမြေ့မြေ့လောင်ဆဲဘဲလို့ မီးသတ်ဌာနက ပြောပါတယ်။ မီးလောင်ပြင်ကို ချွန်းပူးရီးခရိုင်ဝန် လာရောက်စစ်ဆေးခဲ့ပြီး   စက်ရုံဝင်းထဲမှာရှိတဲ့ ဂိုဒေါင် ၆ လုံး  မီးထဲပါသွားတာ တွေ့ရှိရကြောင်းနဲ့ မော်တော်ကားတာယာ အလုံးရေ တစ်သန်း မီးလောင်ပေါက်ကွဲကာ ဆုံးရှုံးမှု ဘတ်ငွေ သန်းပေါင်း ၂ ထောင်ရှိတယ်လို့ ကနဦးခန့်မှန်းတယ်လို့ ဆိုပါတယ်။ စက်ရုံရဲ့ ပင်မ ၀ါယာကြိုးကနေ မီးထတောက်တာလို့ အလုပ်သမားတွေက ပြောပေမယ့် အကြောင်းရင်းတွေကို ဆက်လက်စစ်ဆေးစုံစမ်းနေဆဲဘဲလို့ ခရိုင်ဝန်ကပြောပါတယ်။ မီးလောင်မှုကြောင့် ပျောက်ဆုံးသူ ၄ ဦးရှိတယ်လို့ ကနဦးမှာ သတင်းတွေမှာ ထွက်ပေါ်ပေမယ့် ချွန်းပူးရီးဆေးရုံကတော့  မီးခွန်းမွန်လို့  ဆေးရုံရောက်သူ ၂ ဦးဘဲ ရှိတယ်လို့ ဆိုပါတယ်။ တရုတ် အမျိုးသားပိုင် လိန်လန် ခေါ်  LLIT ( Thailand )  ကုမ္ပဏီ  မော်တော်ကားစက်ရုံကို  ဧက ၁၅၀ ကျယ်တဲ့ မြေဧရိယာပေါ် တည်ဆောက်ထားပြီး အလုပ်သမားဦးရေ စုစုပေါင်း ၆၂၀ ဦးရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ [gallery ids="79817,79818,79819,79820,79821"]

A d v e r t i s e m e n t With Us

More News
Up