A d v e r t i s e m e n t With Us

လက် အစားထိုး ကုသမှု အိန္ဒိယတွင် အောင်မြင်

အိန္ဒိယနိုင်ငံတွင် ပထမဆုံး လက် ၂ ဖက် အစားထိုးကုသမှု တရပ် အောင်မြင် သွားပြီလို့ကြေညာပါတယ်။ [caption id="attachment_79814" align="alignleft" width="216"]ဓာတ်ပုံ- လက်အစားထိုး ခွဲစိတ်ကုသမှုခံယူသူ ဓာတ်ပုံ- လက်အစားထိုး ခွဲစိတ်ကုသမှုခံယူသူ[/caption] ရထားမတော်တဆမှုဖြစ်စဉ်မှာ လက် ၂ ဖက်လုံး ဆုံးရှုံးသွားတဲ့ အသက် ၃၀ နှစ် မာနုကို ခွဲစိတ်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ မာနုကတော့ လက်အသစ်တွေအတွက် ဝမ်းမြောက်ရတယ် ပုံမှန်လှုပ်ရှားမှုတွေ အားလုံး လုပ်နိုင်တယ်လို့ ဇန်န၀ါရီ ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ခွဲစိတ်ကုဆရာဝန် ၂၀က ၁၆နာရီကြာအောင် အချိန်ယူ ခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။ အစားထိုး ကုသမှုကို  ကိုချိအခြေစိုက် အာမိတာ ဆေးသိပ်ပံ္ပမှာလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကနေ စတင်ပြီး ပြင်သစ်မှာ ပထမဆုံးအကြိမ် စတင်ကာ လက်အစားထိုး ကုသမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အစားထိုး ကုသမှုပေါင်း ၁၁၀ ခန့် အမေရိကန်၊ ဥရောပ တိုင်းပြည်၊ တရုတ်နဲ့ သြစတြေးလျ နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up