ဖီဖာ ဥက္ကဋ္ဌ နေရာ ကိုယ်စားလှယ် ၃ ဦး ယှဉ်ပြိုင်မည်

893
ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ နေရာ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် ၃ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
တော်ဝင် ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက်ကယ်ဗန်ပရက်၊ ဂျော်ဒန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား အလီ ဘင်အယ် ဟူစိန်နဲ့ ပေါ်တူဂီ လက်ရွေးစင်ဟောင်း လူးဝစ် ဖီဂိုတို့ ဥက္ကဋ္ဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား ဖီဖာအမှုဆောင် အရာရှိချုပ်ဟောင်း ဂျရုန်းမီ ရှန်ပိန် ယှဉ်ပြိုင်ဖို့ အတွက် လုံလောက်တဲ့ ထောက်ခံမှုမရရှိတဲ့ နောက် ၃ ဦးပဲ ၀င်ရောက် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌဖြစ်လာတဲ့ အသက် ၇၈ နှစ်အရွယ် ဘတ္တလာကတော့ ၅ ကြိမ်မြောက် ဆက်လက်တာဝန်ယူဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
မေ ၂၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ဥက္ကဋ္ဌ နေရာ ရွေးကောက်ပွဲအတွက် ဖီဖာအဖွဲ့ဝင် ၂၀၉ နိုင်ငံက ကိုယ်စားလှယ်တွေက မဲပေးရမှာ ဖြစ်ပါတယ်။