ဟောင်ကောင်ဆန္ဒပြပွဲများ ပြန်လည်စတင်

1.2K
တရုတ်နိုင်ငံ ဟောင်ကောင်က ဒီမိုကရေစီ လိုလားသူတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်လည် ဆန္ဒပြခဲ့ပါတယ်။
ဒီဆန္ဒပြမှုဟာ အရင်နှစ်က အစုလိုက်အပြုံလိုက် ဆန္ဒပြမှု အပြီး ပထမဆုံး လမ်းမပေါ်ကို ပြန်လည် ထွက်လာခဲ့တာ ဖြစ်တယ်လို့ အေပီသတင်းမှာ ရေးပါတယ်။
ရဲတွေရဲ့ ငရုတ်ကောင်းပါတဲ့ မှုတ်ဆေးဘူးတွေနဲ့ ပက်ဖြန်းတာကို ကာကွယ်နိုင်တဲ့ ဆန္ဒပြပွဲရဲ့ အမှတ်အသား ထီးအ၀ါရောင် ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက စစ်မှန်တဲ့ မဲပေးခွင့်ကို လိုလားတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။
၂၀၁၇ ဟောင်ကောင် အမှုဆောင် အကြီးအကဲ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေကို ဘီဂျင်းက ထိန်းချုပ်ထားတဲ့ ရွေးချယ်ရေး ကော်မတီက ပယ်ဖျက်နိုင်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြတဲ့သူတွေက ကန့်ကွက်နေတာ ဖြစ်ပါတယ်။
ဆန္ဒပြတဲ့သူတွေက အေးအေးချမ်းချမ်းနဲ့ စနစ်တကျ စီတန်းလမ်းလျှောက်ခဲ့ပါတယ်။
ဆန္ဒပြဖို့ စည်းရုံးတဲ့သူတွေက လူ ၁ သောင်း ၃ ထောင် လောက် ပါဝင်တယ်လို့ ပြောပေမယ့် ရဲတွေက ၈၀၀၀ လောက်ပဲပါတယ်လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ရဲတွေက တစုံတရာ နှောင့်ယှက် ကန့်ကွက်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
[gallery ids="79789,79790,79791,79792,79793,79794"]